SJ WorldNews - шаблон joomla Авто

Implementation Research အကောင်အထည်ဖော်ခြင်း ဆိုင်ရာ သုတေသန ဆောင်ရွက်ချက်များနှင့် နည်းပညာများ ဆွေးနွေး

Friday, 12 January 2018 09:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁၁

Implementation Research အကောင်အထည်ဖော်ခြင်း ဆိုင်ရာ သုတေသန ဆောင် ရွက်ချက်များနှင့် နည်းပညာများ ဆွေးနွေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ  ဆေးသုတေသန ဦးစီးဌာန၌ ယနေ့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဆေးသုတေသန ဦးစီးဌာနအပါအဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆေးတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် NGO အဖွဲ့အစည်းများက ပါဝင်ဆွေးနွေးကြပြီး  ဆွေးနွေးမှု ရလဒ်များအပေါ် မူတည်၍  ကျန်းမာရေး ဝန်ဆောင်မှုများ ပေးသည့်အချိန်တွင် ပြန်လည်အသုံးချမည်ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး   ဒေါက်တာစောစော ကပြောသည်။

ဆွေးနွေးပွဲတွင် ယခုနှစ်အတွင်း အကောင်အထည်ဖော်ခြင်း ဆိုင်ရာ သုတေသနပြုလုပ် လျက်ရှိသည့်   ကျန်းမာရေးနှင့်ဆိုင်သော သုတေသန ၂၃၃   ခုထဲမှ   ငါးခုဖြစ်သည့် ငှက်ဖျားရောဂါ၊ တီဘီရောဂါ ၊ အနာကြီးရောဂါ၊ သန်ကောင်ရောဂါနှင့်  ဂျပန်ဦးနှောက် ရောင်ရောဂါ တို့ကို   Implementation Research ဆောင်ရွက်ပုံများအား ဆွေးနွေးပွဲ တက်ရောက်လာသူများ  လေ့လာနိုင်ရန် ပိုစတာများနှင့် ပူးတွဲ ဖော်ပြပေးထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် Implementation   Research အကောင်အထည်ဖော်ခြင်းဆိုင်ရာ သုတေသနများ ပြုလုပ်ရန်  ငွေကျပ်  တစ်ဘီလီယံ ပံ့ပိုးပေးထားပြီး သုတေသန ၂၃၃  ခုကို ပြုလုပ်လျက်ရှိရာ  ယခုဘဏ္ဍာနှစ်ကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်သည်။

ယင်းသုတေသနများထဲတွင် ကူးစက်တတ်သည့် ရောဂါများ၊ မကူးစက်တတ်သည့် ရောဂါများ၊ ရောဂါမဟုတ်သည့် Health Information System များ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊  တီဘီရောဂါနှင့် အနာကြီးရောဂါ  စသည်တို့ပါဝင်ကြောင်း သိရသည်။  

Read 104 times Last modified on Friday, 12 January 2018 09:58