SJ WorldNews - шаблон joomla Авто

တိုင်းရင်းဆေးဖြင့်ဆေးကုသခြင်း ဆောင်ရွက်

Sunday, 14 January 2018 14:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ   ၁၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ခုတင်-၁ဝဝ ဆံ့တိုင်းရင်းဆေးရုံကြီး (နေပြည်တော်)မှ အကြီးတန်း တိုင်းရင်းဆေးမှူး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်း ကျေးရွာအုပ်စု သဲကျွန်းကျေးရွာရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆေးကုသရာတွင် ခုတင်-၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံကြီးမှ အကြီးတန်း တိုင်းရင်းဆေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြင့်က ''အစာသည်ဆေး လွန်လျှင်ဘေး'' ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် နေပြည်တော် ခုတင်-၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက ရာအိမ်မှူး ဦးအောင်ဝင်းနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ပံ့ပိုးမှုနှင့်အတူ ဒေသခံများတွင် ဖြစ်ပေါ်လျက်ရှိသော အရိုးအဆစ်၊ ထုံကျဉ်ကိုက်ခဲ၊ မီးယပ်၊ သွေးတိုး၊ လေငန်း၊ဆီးချို စသည့်ရောဂါများကို တိုင်းရင်းဆေးဖြင့် ကုသပေးကာ ဆေးရုံတက်ရောက်ရမည့် လူနာအား ဆေးရုံတက်ရောက် ကုသနိုင်ရေး ဆောင်ရွက်ပေးကြောင်း သိရသည်။

Read 84 times Last modified on Sunday, 14 January 2018 14:07