SJ WorldNews - шаблон joomla Авто

တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ ၊ မရှိ စစ်ဆေး

Friday, 18 August 2017 10:32 font size decrease font size decrease font size increase font size increase font size

ဝါးခယ်မ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်   စည်ပင်သာယာဈေးရှိ ဆေးဆိုင်များနှင့်    မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များကို  တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တာဝန်ရှိသူများ စစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါး မှတ်ပုံတင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားသော တိုင်းရင်းဆေးဝါး၊ ပျက်စီး တိုင်းရင်းဆေးဝါး၊ သုံးစွဲရန်မသင့်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော တိုင်းရင်းဆေးဝါးတို့ကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ပြောကြားပြီး တားမြစ်တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးကြကြောင်း သိရသည်။  

Read 603 times Last modified on Friday, 18 August 2017 10:33