SJ WorldNews - шаблон joomla Авто

မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသခြင်း ဆိုင်ရာ သင်တန်း ဖွင့်လှစ်

Friday, 09 February 2018 10:05 font size decrease font size decrease font size increase font size increase font size

ညောင်ဦး ဖေဖော်ဝါရီ 

မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသခြင်း ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြင့်သိန်းက သင်တန်းသားများ သင်တန်းမှ ပို့ချပေးမည့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များကို ဂရုတစိုက် လေ့လာသင်ယူကြရန်   ပြောကြားသည်။

အဆိုပါသင်တန်းတွင် ခရိုင်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြင့်သိန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်နှင့် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်စုစုထွေးတို့က မကူးစက်နိုင်သော ရောဂါများ  ကာကွယ်ကုသခြင်းဆိုင်ရာ  အခြေခံ ကျန်းမာရေးပြုစု စောင့်ရှောက်ခြင်း၊ ကာကွယ်ကုသခြင်းနှင့် ဆေးကုသရာတွင် လိုက်နာရမည့် အချက်များကို   ညောင်ဦးမြို့နယ် အတွင်းရှိ အခြေခံ ကျန်းမာရေး ဝန်ထမ်း သင်တန်းသား၊  သင်တန်းသူ ၁၃ဝ  ဦးကို   သင်တန်းကာလ    နှစ်ရက်ကြာ  စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသည်။

ညောင်ဦးခရိုင် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရန်နှင့် ပြည်သူများအား မကူးစက်နိုင်သော ရောဂါများ၏ ပဏာမကျန်းမာရေး စောင့်ရှောက်မှု   ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ရန်၊ ရောဂါကာကွယ်ခြင်းနှင့် ရောဂါမဖြစ်ပွားမီ ဆောလျင်စွာ ရှာဖွေဖော်ထုတ် ကုသခြင်းဖြင့်  ကုန်ကျစရိတ် သက်သာမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စီစဉ်ဆောင်ရွက်နိုင်ရန်၊ သင့်လျော်သော လွှဲပြောင်း ကုသမှုပေးခြင်းနှင့် ကုသမှု၏ နောက်ဆက်တွဲရလဒ်များကို စိစစ်၍ အထူးကုဆရာဝန်ကြီးများက ညွှန်ကြားချက်များနှင့်အညီ ထိရောက်သော ရေရှည်ကုသမှု လုပ်ငန်းများ စနစ်တကျ လွှဲပြောင်းကုသခြင်းများ ဆောင်ရွက်နိုင်စေရန် တို့ကို ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။       

Read 239 times Last modified on Friday, 09 February 2018 10:06