SJ WorldNews - шаблон joomla Авто

ပိုလီပလွိုက်ဆဲများက အသည်းကင်ဆာ မဖြစ်စေရန် ကာကွယ်ပေးနိုင်

Sunday, 11 February 2018 08:54 font size decrease font size decrease font size increase font size increase font size

အသည်းအတွင်းရှိ ပိုလီပလွိုက်ဆဲများက အသည်းကင်ဆာ မဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း တက္ကဆက် အနောက်တောင်ပိုင်း တက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာတွေ့ရှိထားသည်။

အဆိုပါ တက္ကသိုလ်ရှိ ကလေးဆေးပညာ သုတေသနဌာနမှ သုတေသန ပညာရှင်များသည် ဆဲတစ်ခုအတွင်းရှိ ခရိုမိုဆုမ်း အရေအတွက်များကို ယာယီနှင့် ပြောင်းပြန် ပြောင်းလဲစေသည့် နည်းလမ်းအသစ်များကို ပထမဆုံး အကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ နည်းလမ်းများမှတစ်ဆင့် ကြွက်များတွင် ဖြစ်ပေါ်သည့် အသည်းကင်ဆာပုံစံ ဖြစ်တည် လာမှုကို အသည်းအတွင်းရှိ ပိုလီပလွိုက်ဆဲများက ကာကွယ်လိုက်နိုင် သည်ကို တွေ့ရ ကြောင်း တက္ကဆက်ရှိ ကင်ဆာရောဂါ ကာကွယ်ရေး သုတေသနဌာနမှ ကင်ဆာသုတေသန ပညာရှင် ဟောင်ဇူကပြောသည်။

ပိုလီပလွိုက်ဆဲများသည် ခရိုမိုဆုမ်း နှစ်ခုနှင့်အထက်ကို သယ်ဆောင်ပြီး လူအများစုရှိဆဲများမှာ ဒိုင်ပလွိုက်ဖြစ်သည်။ ဆိုလိုသည်မှာ လူများသည် မိဘတစ်ဦးစီထံမှ ခရိုမိုဆုမ်း တစ်ခုစီရရှိကာ ခရိုမိုဆုမ်းနှစ်ခု ပိုင်ဆိုင် ထားခြင်းဖြစ်သည်။

အဆိုပါ ဆဲများကို လူသားတို့၏ တစ်သျှူးများတွင် တွေ့ရှိရသည်မှာ ရှားပါးသော်လည်းနှလုံး၊ သွေးနှင့် အသည်းတို့တွင် ပျံ့နှံ့စွာတည်ရှိသည်။ လူသားများတွင် ကင်ဆာဖြစ်ပွားရခြင်းမှာ ကင်ဆာကို နှိမ်နင်းသည့် မျိုးရိုးဗီဇများ ဆုံးရှုံးသွားပြီး အွန်ကိုဂျင်းဟုခေါ်သော ကင်ဆာဖြစ် ပွားမှုကို အားပေးသည့် မျိုးရိုးဗီဇများက အားကောင်းလာခြင်းကြောင့်ဖြစ်သည်။

သုတေသန ပညာရှင်များ ယခုတွေ့ရှိသည့် နည်းလမ်းများသည် အဆိုပါ အွန်ကိုဂျင်းများ၏ လှုပ်ရှားမှုများအပေါ် ထိရောက်သော အကျိုးသက်ရောက်မှု မဖြစ်စေသော်လည်း ကင်ဆာကို နှိမ်နင်းသည့် မျိုးရိုးဗီဇများ ဆုံးရှုံး သွားခြင်းမရှိအောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

Read 99 times Last modified on Sunday, 11 February 2018 08:56