SJ WorldNews - шаблон joomla Авто

ညစ်ညမ်းသော လေကိုရှူရှိုက်ရသူများ ပြစ်မှုများကို အလွယ်တကူ ကျူးလွန်ပြီး လိမ်ညာသူများဖြစ်လာ

Sunday, 11 February 2018 08:56 font size decrease font size decrease font size increase font size increase font size

ညစ်ညမ်းသောလေကို ရှူရှိုက်ရသူများသည် များသောအားဖြင့် ပြစ်မှုများ ကျူးလွန်ပြီး လိမ်လည်သူများ ဖြစ်လာကြောင်း သုတေသန အသစ်တစ်ခုတွင် တွေ့ရသည်။ အဘယ် ကြောင့်ဆိုသော် ညစ်ညမ်းသော လေသည် မိမိတို့ကို ပိုမိုစိတ်သောက ရောက်စေပြီး လူ့ကျင့် ဝတ်နှင့်မညီသောအပြုအမူများကို လုပ်ဆောင် မိစေသောကြောင့် ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆထားသည်။

သုတေသန ပညာရှင်များ၏ လေ့လာချက်အရ ဗြိတိန်နိုင်ငံရှိ လူသန်း ၄ဝ နီးပါးခန့်မှာ ညစ်ညမ်းမှု အများဆုံးသော ဒေသများ၌ နေထိုင်နေရပြီး အမေရိကန် ပြည်ထောင်စုတွင်မူ ယင်းကဲ့သို့ ညစ်ညမ်းမှု အများဆုံးသော ဒေသများ၌ နေထိုင်ရသူ ၁၄၂ သန်းအထိ ရှိသည်ကို တွေ့ရသည်။ ထို့ပြင် ညစ်ညမ်းသော လေကိုရှူရှိုက်နေရသည့် ယင်းဒေသများ၌ ပြစ်မှုကျူး လွန်သည့်ပမာဏ ပိုမို မြင့်တက်လာသည်ကိုလည်း တွေ့ရသည်။

အဆိုပါ သုတေသနကို နယူးယောက်မြို့ရှိ ကိုလံဘီယာ စီးပွားရေးကျောင်းမှ သုတေသန ပညာရှင်များက လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရှိ မြို့ပေါင်း ၉၃၆ဝမှ ပြစ်မှု ကျူးလွန်သည့် အချက်အလက်များကို ကိုးနှစ်ကြာ ရယူစုဆောင်းကာ လေ့လာခဲ့ခြင်းဖြစ်သည်။

သုတေသန ပညာရှင်များသည် လေထုညစ်ညမ်းစေသော အမှုန်အမျိုးအစား ခြောက်မျိုးနှင့် လူသတ်မှုနှင့် ဓားပြတိုက်မှု အပါအဝင် ပြစ်မှုအမျိုးအစား ခုနစ်မျိုးတို့ကို နှိုင်းယှဉ်လေ့လာ သည်။ ထို့နောက် လေထုညစ်ညမ်းမှု ပိုမိုများပြားသော ဒေသများ၌ ပြစ်မှုကျူးလွန်မှုများ ပိုမို များပြားသည်ကို ၄င်းတို့က တွေ့ရှိခြင်းဖြစ်သည်။

လေထု ညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသောကြောင့် ကမ္ဘာပေါ်ရှိ ဘီလီယံနှင့်ချီသော လူများအတွက် ဆိုးကျိုးတစ်ခုအဖြစ် ထွက်ပေါ်လာကြောင်း သုတေသန ပညာရှင်များက သတိပေးထားသည်။

Read 164 times