SJ WorldNews - шаблон joomla Авто

ဝိတိုရိယဆေးရုံ၌ Victoria Kids' Day ကျင်းပ

Wednesday, 14 February 2018 08:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်မြို့ရှိ  ဝိတိုရိယဆေးရုံက ကြီးမှူး ကျင်းပသော Victoria Kids' Day ကို ယမန်နေ့ညနေပိုင်းက အဆိုပါဝိတိုရိယ ဆေးရုံရှေ့၌ ကျင်းပကြောင်း သိရသည်။

အဆိုပါပွဲတွင် ပျော်ရွှင်ဖွယ်ဂိမ်း အစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိသော ကလေးငယ်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ ကလေးအဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ 1st Prize to 5th Prize ၊ 6th Prize to 10th Prize ၊ 11th Prize to 15th Prize များကို မဲနှိုက်ကာ   ဆုများအသီးသီး ပေးအပ်ခဲ့သည်။

ဝိတိုရိယဆေးရုံ၌  မွေးဖွားခဲ့ကြသော ကလေးများအတွက် ရည်ရွယ်ကာ နှစ်စဉ် ဖေဖော်ဝါရီ ၁၂ ရက်တွင် Victoria Kids' Day ကိုကျင်းပလေ့ရှိရာ   ယခုနှစ်သည် ပဉ္စမအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။

မိသားစုများအတွက် စိတ်ဝင်စားစရာ အစီအစဉ်များနှင့် ပြိုင်ပွဲများပြုလုပ်မည့် အကြောင်းကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက Witoriya General  Hospital Page ကို Like ပြုလုပ်နိုင်ပြီး ဖိတ်စာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။  

Read 160 times Last modified on Wednesday, 14 February 2018 08:44