SJ WorldNews - шаблон joomla Авто

Influenza A(H1N1) pdm 2009 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ခြောက်ဦး ထပ်မံ တိုးလာသော်လည်း သေဆုံးသူ တိုးလာခြင်း မရှိ

Sunday, 20 August 2017 10:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁၉

ယနေ့တွင် နိုင်ငံတစ်ဝန်း၌ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာဖြင့် ပြသသူ ၇၇၃ ဦးရှိသဖြင့် ယမန်နေ့ကထက် ၂၆ ဦး ပိုလာခဲ့ပြီး Influenza A(H1N1) pdm 2009 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ခြောက်ဦး ထပ်မံတိုးလာသော်လည်း ဓာတ်ခွဲအတည်ပြု သေဆုံးသူ တိုးလာခြင်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို   ဆက်လက် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီအထိ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 သံသယလူနာ ၂၆ ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုတွင် H1N1 ပိုးတွေ့လူနာ ခြောက်ဦးတွေ့ရှိခဲ့ရပြီး ဇူလိုင် ၂၁ ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ  တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ Seasonal  Influenza A(H1N1) pdm 2009 ဖြစ်ပွားမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလက္ခဏာဖြင့်  ပြသသူ ဦးရေများမှာ ကရင်ပြည်နယ်၌ ၁၈ ဦး၊ ချင်းပြည်နယ်၌ ၆၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၂ ဦး၊  တနင်္သာရီတိုင်းဒေသကြီး၌ ၂၂ ဦး၊ ပဲခူးတိုင်းဒေသကြီး၌  ၈၈ ဦး၊  မကွေးတိုင်း ဒေသကြီး၌ ၂၂ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၂၁ ဦး၊ မွန်ပြည်နယ်၌ ၁၂ ဦး၊ ရခိုင်ပြည်နယ်၌ ရှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၃၆ဝ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ၁၂ ဦး၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၁၄ ဦး၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ခြောက်ဦး၊  ဧရာဝတီတိုင်းဒေသကြီး၌ ၈ဝ ဦး၊ နေပြည်တော်၌ ၂၂ ဦး စုစုပေါင်း ၇၇၃ ဦးဖြစ်ကြောင်း သိရသည်။

 Influenza  A (H1N1)  pdm  2009 ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ ဦးရေများမှာ ကရင်ပြည်နယ်၌  ၁၄  ဦး၊ ချင်းပြည်နယ်၌ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌  ၁၅ ဦး၊  တနင်္သာရီတိုင်းဒေသကြီး၌ ၁၆ ဦး၊ ပဲခူးတိုင်း ဒေသကြီး၌ ၃၈ ဦး၊ မကွေးတိုင်း ဒေသကြီး၌ ၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၌  ၁၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၈၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး၌ ၃၇ ဦး၊  မွန်ပြည်နယ်၌ ခြောက်ဦး၊ ရခိုင်ပြည်နယ်၌   သုံးဦး၊   ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ သုံးဦး၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၁ဝ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ သုံးဦး၊ နေပြည်တော်၌ ၁၇ ဦး စုစုပေါင်း၂၈၈ ဦးဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုသေဆုံးသူ ဦးရေများမှာ ကရင်ပြည်နယ်၌ တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး၌ သုံးဦး၊ မကွေးတိုင်းဒေသကြီး၌ နှစ်ဦး၊  မန္တလေးတိုင်း ဒေသကြီး၌ နှစ်ဦး၊  မွန်ပြည်နယ်၌  တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ခုနစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၁ ဦး စုစုပေါင်း  ၂၉  ဦးဖြစ်ကြောင်း သိရသည်။

 H1N1   ပိုးတွေ့ရှိသော်လည်း  ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါ အခံများကြောင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၂ဝ ဦးရှိကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီအထိ H1N1 ပိုးတွေ့လူနာအဖြစ် အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် အတွင်းလူနာသုံးဦး၊  အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် အတွင်းလူနာ ၃ဝ ဦး စုစုပေါင်း ၃၃  ဦး ဆက်လက်ကုသမှု ခံယူလျက်ရှိပြီး   ရောဂါသက်သာ ကောင်းမွန်သဖြင့် ဆေးရုံဆင်း လူနာ ၁၉ဝ ဦးနှင့် ပြင်ပလူနာအဖြစ် ပြသသူ ၁၆ ဦးရှိခဲ့ကြောင်း သိရသည်။  

Read 498 times Last modified on Sunday, 20 August 2017 10:01