SJ WorldNews - шаблон joomla Авто

သက်တမ်းလွန် စားသောက်ကုန် အလှကုန်နှင့် ဆေးဝါးများ ရောင်းချခြင်း ရှိ ၊ မရှိ စစ်ဆေး

Friday, 16 February 2018 10:29 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် ဖေဖော်ဝါရီ  ၁၅

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မုဒုံမြို့နယ်    ရောင်းဒေါင်းကျေးရွာ၌ သက်တမ်းလွန်    စားသောက်ကုန်၊ အလှကုန်နှင့်  ဆေးဝါးများဖြန့်ဖြူး ရောင်း ချခြင်း ရှိ၊ မရှိ  ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာတင်ထူးနိုင်၊ မုဒုံမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးလှအောင်နှင့် ဝန်ထမ်းများသည်  ရောင်းဒေါင်းကျေးရွာရှိ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင် ၁၆ ဆိုင်တွင် တားမြစ်ထားသော အစားအသောက်၊ ဆေးဝါးနှင့်  အလှကုန်ပစ္စည်းများ ရောင်းချခြင်း မပြုလုပ်ရန်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားပြီး အဆိုပါဆိုင်များတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများအား စစ်ဆေးသည်။

ဆက်လက်၍ ရောင်းဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ စံမညီဆေးဝါး၊ ဆေးဝါးအတု၊ သက်တမ်းလွန်နှင့် တရားမဝင်ဆေးဝါးများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာတင်ထူးနိုင်က ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ အကြောင်းကို လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ပြည်သူများ၏ ကျန်းမာရေးအတွက်  တားမြစ်ထားသော    အစားအသောက်၊  ဆေးဝါးနှင့် အလှကုန် ပစ္စည်းများ အကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲသို့ မွန်ပြည်နယ်   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ၊ မုဒုံမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 291 times Last modified on Friday, 16 February 2018 10:30