SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေး ဟောပြော

Monday, 21 August 2017 11:45 font size decrease font size decrease font size increase font size increase font size

မြောက်ဦး သြဂုတ် ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦး မြို့နယ် မြက်ရိတ်ကျွန်းအုပ်စု မြက်ရိတ် ကျွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများက တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ရောဂါကာကွယ်နည်းများ၊ ရာသီတုပ်ကွေးရောဂါ လက္ခဏာများ၊ ရောဂါကူးစက်ပုံ စသည်တို့ကို အသိပညာပေး ဟောပြောသည်။ ထို့နောက် တက်ေ ရာက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သိရသည်။

Read 538 times Last modified on Monday, 21 August 2017 11:46