SJ WorldNews - шаблон joomla Авто

ဗန်ကောက် အခြေစိုက် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ အခမဲ့ ဆောင်ရွက် ပေးမည်

Monday, 21 August 2017 12:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၂ဝ

ဗန်ကောက် အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သော Hang Sheng International (Myan-mar) Co., Ltd. က မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ မြေနီကုန်း ပလာဇာ၌ ပြုလုပ်သည့် Hang Sheng International  (Myanmar) Co.,Ltd. ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ ကျန်းမာရေး ဝန်ဆောင်မှုတွင် ကျန်းမာရေး ကောင်းမွန်စေသည့် သံလိုက်ရေသန့်များ သောက်သုံးစေခြင်း၊ လှူဒါန်းပေးခြင်း ၊ကျန်းမာရေး အနှိပ်ခံစက် (Health Care Machine) များဖြင့် နှိပ်နယ်ပေးခြင်းများ ပါဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့ မြေနီကုန်း ပလာဇာ (၁ဝ) လွှာ အခန်း (D) ၌ အခမဲ့ လာေ ရာက်ကုသမှု ခံယူနိုင်ကြောင်း သိရသည်။ သံလိုက်ရေ နေ့စဉ်သောက်သုံးခြင်းဖြင့် ဆဲလ်များနိုးကြားစေပြီး ခန္ဓာကိုယ် လန်းဆန်းစေခြင်း၊ အသားအရေ စိုပြည် ချောမွေ့စေခြင်း၊ ကျောက်ကပ်ထဲမှ အနည်များကို ခြေပေးခြင်း၊ အရိုးပွရောဂါ ကာကွယ်ပေးခြင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီ ဆီယမ်များ တိုးပွားစေခြင်း၊ ခါးနာခြင်း စသည့်နာတာရှည် ရောဂါများကို သက်သာစေသည့်အပြင် ရောဂါကိုသူ့အလိုအလျောက် တိုက်ဖျက်မှု အားကောင်းစေသည်။

ထို့ပြင် သံလိုက်ရေသည် ဝမ်းတွင်းအပူ ကျခြင်း၊ ခံတွင်းအနံ့ ပျောက်ခြင်း၊ အစာကြေခြင်း၊ အရေပြားရောဂါ အမျိုးမျိုးကို ကာကွယ်ပေးခြင်း၊ သွားရောဂါများအတွက် သွားတိုက်ရာတွင် အသုံးပြုနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များကို တစ်နာရီ မှနှစ်နာရီခန့် စိမ်ခြင်းဖြင့် ဓာတုဗေဒဆေးများ ကင်းရှင်းစေပြီး ပိုမို လတ်ဆတ်စေခြင်း၊ စိုက်ပျိုးရေးတွင် အထွက်တိုးစေရန် အသုံးပြုနိုင်ခြင်း၊ တိရစ္ဆာန်များကို ချိုးပေးနိုင်ခြင်းသာမက တိုက်ကျွေးပါကလည်း ကျန်းမာသန်စွမ်းစေခြင်းစသည့် အကျိုးများ ရရှိမည်ဖြစ်သည်။

အနှိပ်ခံစက် အနေဖြင့် ခါး၊ ပေါင်နာကျင်ခြင်း၊ တင်ပါးဆုံ၊ အာရုံကြောနာခြင်း၊ အဆစ်အမျက်ကိုက်ခဲ၊ လေးဖက်နာ၊ လက်ပြင်ညောင်းညာ၊ ကျောရိုးတစ်လျှောက်နှင့် သက်ဆိုင်သောရောဂါ၊ ခါးကြွက်သားဒဏ်ထိခြင်း၊ အစာအိမ်နှင့် ပတ်သက်သည့်ရောဂါ၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းနှင့် အာရုံေ ကြာနှင့် ပတ်သက်သော ရောဂါများကို ပျောက်ကင်းစေသည်။ Hang Sheng International (Myan-mar) Co., Ltd အနေဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် တနင်္ဂ နွေနေ့တိုင်း နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပုံမှန်ရေနှင့် ကျန်းမာရေး ဗဟုသုတ သင်တန်းများဖွင့်၍ အခမဲ့ ဆွေးနွေးပေးမည် ဖြစ်ေ ကြာင်း သိရသည်။

Read 543 times Last modified on Monday, 21 August 2017 12:23