SJ WorldNews - шаблон joomla Авто

မီးယပ် အရေပြား အကြောနှင့် အထွေထွေ ရောဂါများအား တောင်ကိုရီးယားနိုင်ငံမှ တိုင်းရင်းဆေး ဆရာဝန်များက အခမဲ့လာရောက် ကုသပေးမည်

Tuesday, 22 August 2017 08:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  ၂၁

တောင်ကိုရီးယားနိုင်ငံမှ  တိုင်းရင်းဆေးဆရာဝန်  ပါမောက္ခကိုးဦးတို့ ဦးစီးသည့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ရန်ကုန်တိုင်းရင်း ဆေးရုံကြီး၌ အထွေထွေရောဂါ၊  မီးယပ်ရောဂါ၊ အရေပြားရောဂါနှင့် အကြောရောဂါ တို့ကို သြဂုတ်  ၂၂ ရက်မှ ၂၄ ရက်အထိ နေ့စဉ်နံနက်  ၉ နာရီမှ ညနေ ၅ နာရီ အတွင်း  အခမဲ့ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

''သြဂုတ် ၂ဝ ရက်ညပိုင်းက   သူတို့ရောက်လာကြပါတယ်။ အခုသူတို့ပြင်ဆင်စရာ ရှိတာပြင်ဆင်နေကြတယ်။ အခန်းဖွဲ့စည်းပုံကအစ  သူတို့စိတ်ကြိုက် လုပ်နိုင်ဖို့ ကျွန်တော်တို့က   ဝိုင်းဝန်းကူညီပေးနေပါတယ်။ ပါမောက္ခတွေကတော့  ကိုးဦးပေါ့။  

နောက်ပြီး သက်ဆိုင်ရာအလိုက်   ဆရာဝန် အငယ်လေးတွေလည်း   ပါလာကြတယ်။ အားလုံး ၃ဝ နီးပါးလောက် ရှိမယ်ထင်ပါတယ်။ သူတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး  လာကုသတာပါ'' ဟု ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ထိုသို့ အခမဲ့ကုသပေးရာတွင် ကြိုတင်မှတ်ပုံတင်ခြင်း စနစ်ကို  လက်ခံခြင်းမရှိဘဲ အလှည့်ကျစနစ်ဖြင့်   ကုသပေးမည်ဖြစ်သည်။  တောင်ကိုရီးယား ဆေးကုသရေး အဖွဲ့သည် ယခုအကြိမ်   မြန်မာနိုင်ငံသို့ ရောက်ရှိခြင်းသည် စတုတ္ထအကြိမ်မြောက် ဖြစ်သည်။ တောင်ကိုရီးယား အရှေ့တိုင်းဆေးပညာ၏ အနှစ်သာရနှင့် ကုထုံးများကို  ယူနက်စကိုက  ကမ္ဘာ့အမွေအနှစ်အဖြစ်   မှတ်တမ်းတင်ထားကြောင်း သိရသည်။    

Read 549 times Last modified on Tuesday, 22 August 2017 08:41