SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

Monday, 14 May 2018 09:24 font size decrease font size decrease font size increase font size increase font size

ဗန်းမော်   မေ   ၁၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ယမန်နေ့နံနက် ၇ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင် ရွက်ကြောင်း   သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာစိုင်းထွန်းနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်အတွင်း လှည့်လည်ကာ ခြင်မပေါက် ပွားစေရန် တစ်အိမ်တက်ဆင်း ရေကန်များ၊ ရေတိုင်ကီများ၊ ပန်းအိုးများကို  အဘိတ်ဆေး ခတ်ပေးခြင်းနှင့် လူနေအိမ်များ၏ ပတ်ဝန်းကျင်ရှိ ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုရှိ၊ မရှိ၊ ရေစီးရေလာ ကောင်းမွန်မှုရှိ၊ မရှိစစ်ဆေးသည်။

ထို့နောက် တာဝန်ရှိသူများက ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့်   ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောကြောင်း    သိရသည်။

Read 81 times Last modified on Monday, 14 May 2018 09:25