SJ WorldNews - шаблон joomla Авто

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Monday, 14 May 2018 09:54 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်း  မေ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့်  သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးက  ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့်   မိမိတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရာတွင် စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် ဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ အားထားယုံကြည်ရမည့် ကျန်းမာရေး ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားပြီး စစ်ကိုင်းမြို့ ခုတင် ၂ဝဝ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဦးကြည်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍   မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ ပေးပို့လာသော သဝဏ်လွှာကို ခရိုင်သူနာပြု ဆရာမကြီး ဒေါ်ဖြိုးအိစံက ဖတ်ကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဆုံးမသြဝါဒစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း သူနာပြုနှင့်သားဖွား လှုပ်ရှားမှုမှတ်တမ်း ပြခန်းများကို  လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် MO. Asia Co., Ltd. (Dumex) က အခမ်းအနား တက်ရောက်လာကြသူများအား ကံစမ်းမဲများဖောက်ပြီး သက်ကြီးသူနာပြုနှင့် သားဖွားဆရာမကြီးများအား ဂါရဝပြု လက်ဆောင် များ ပေးအပ်ကြောင်း   သိရသည်။

Read 79 times Last modified on Monday, 14 May 2018 09:55