SJ WorldNews - шаблон joomla Авто

အ-ထ-က (ကော့မှူး) ၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ကျင်းပ

Tuesday, 15 May 2018 09:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၁၄

ရန်ကုန်တိုင်းဒေသကြီး     ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ၏ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ကကျင်းပရာ အခြေခံပညာ ကျောင်းသား၊  ကျောင်းသူ  ၉၇  ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

''ကြက်ခြေနီသင်တန်းဆိုတော့  တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးဖို့၊ ကလေးတွေ ဘေးအန္တရာယ် ကျရောက်ရင် ရှေးဦးပြုစုခြင်းတွေနဲ့ ကူညီတတ်စေဖို့နဲ့ လူစုလူဝေးနဲ့  လုပ်ကိုင် ဆောင်ရွက်တတ်စေဖို့ ဖြစ်ပါတယ်။ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူတွေ ဒီကသင်ပေးလိုက်တဲ့ အတွေ့အကြုံတွေနဲ့ ဆေးရုံတွေအပြင် ပြင်ပမှာ ဘေးအန္တရာယ် ကျရောက်လာရင် ကူညီနိုင် မှာပါ''  ဟု ကော့မှူးမြို့နယ်  ကြက်ခြေနီ တပ်ခွဲမှူး မမျိုးမြင့်ခိုင် ကပြောသည်။

အဆိုပါသင်တန်း၌ ကော့မှူးမြို့နယ် ကြက်ခြေနီအသင်းမှ နည်းပြများက အခြေခံ ရှေးဦးပြုစုနည်းများ အဖြစ် အခြေခံ သက်ကယ် အထောက်အကူပြုနည်း၊ ပတ်တီးစည်းနည်း၊ လူနာထမ်းစင်ဖြင့် သယ်ဆောင်နည်းနှင့် တခြားပြုစုနည်းများကို သင်ကြားပေးကြောင်း သိရသည်။

ယင်းသင်တန်းတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်နှင့်တာဝန်ရှိသူများက ထူးချွန်ဆုနှင့်သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

''ဒီသင်တန်းမှာတက်နေတဲ့ ကလေးတွေက  အားတက်သရော  လိုက်ပါလုပ် ဆောင်ကြတာ တွေ့ရပါတယ်။  ကျောင်းမှာ  ဖွံ့ဖြိုးရေးအတွက် အခုလို သင်တန်းတွေ၊ ဟောပြောပွဲတွေနဲ့     တခြားပညာပေး သင်တန်းတွေ ရှိနေမယ်ဆိုရင်  ကျောင်းက ဒီထက်ပိုကောင်းလာပြီး  ဒီဒေသမှာ  စံပြ ကျောင်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်'' ဟု သင်တန်းနည်းပြ တာဝန်ခံ နော်ထူးထူးထွေ လာစန်း ကပြောသည်။

Read 39 times Last modified on Tuesday, 15 May 2018 09:09