SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

Friday, 08 June 2018 09:47 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ  ဇွန် 

မိုးရာသီကာလ  သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်၌  ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ အထက်တန်းသူနာပြု ဆရာမ  ဒေါ်မြင့်မြင့်ဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေး  စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မော်မော် ဦးဆောင်သော အသင်းအဖွဲ့ဝင်များ၊  မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်နှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား တစ်အိမ် တက်ဆင်း သွားရောက်ပြီး ခြင်ခိုအောင်းနိုင်သည့် သောက်သုံးရေကန်များ၊ စဥ့်အိုး၊ စဥ့်ခွက်များ၊ ဘုရားပန်းအိုးများနှင့် ယင်လုံအိမ်သာများကို ပိုးလောက်လမ်း ရှိ ၊  မရှိ ကြည့်ရှုစစ်ဆေးကာ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်  ကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်း ကင်းစင်ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ပေးသည်။

ထို့ပြင် ရပ်ကွက်နေပြည်သူများအား မိုးရာသီကာလ ကလေး၊ လူကြီး သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် မဖြစ်ပွားစေရန် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများကို  အသိပညာပေး ဟောပြောဆွေးနွေး ကြောင်း သိရသည်။

Read 178 times Last modified on Friday, 08 June 2018 09:48