SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

Thursday, 14 June 2018 10:00 font size decrease font size decrease font size increase font size increase font size

မြဝတီစာဖတ် ပရိသတ်များ၏ ကျန်းမာရေး ကဏ္ဍတွင် အထောက်အကူ ပြုနိုင်စေရန် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည့် ရိုးရာဆေးနည်းတို (ဆေးမြီးတို) များအကြောင်းကို ရေးသားပြုစု ထားသော ဆရာကြည်လွင်မြင့် (မုဒြာ)၏ ''မြန်မာ့ရိုးရာ ဆေးနည်းတို ကုထုံးများ'' စာအုပ်မှ ဆေးနည်းအချို့ကို ဖော်ပြလိုက်ရပါသည် -

ခူနာ

လက်ညှိုး၊ လက်မ၊ လက်ထိပ်များတွင် ပြည်တည်၍ ပေါက်သောအနာဖြစ်သည်။ သံပရာရည်၊ ဆားခါး၊ ဂျုံမှုန့်ကို ရောနယ်၍ အုံပေးလျှင် အနာပြည်ပေါက်သည်။

ဆင်ရေယုန်(ရေယုန်ကြီးနာ)

ကိုယ်လုံးကို ပတ်၍ ပေါက်သော ရေယုန်နာ ဖြစ်သည်။

- ငုရွက်ကို ဆားရည်ဖြင့် ခဏစိမ်ပြီးထောင်း၍ အရည်ညှစ်လိမ်းပေးပါ။

- ညောင်ဗုဒ္ဓဟေပင် အခေါက်ကို နှစ်ခွက်တစ်ခွက်တင် ပြုတ်၍ သောက်လျှင် ရေယုန်ပျော်သည်။ (ရှေးဆေးကျမ်းအဆို)

ဇက်ခိုင်(ဇတ္တုတမ္ဘ) ရောဂါ

တန်းလျား ခုံတန်းများတွင် ဇက်တင်၍ အိပ်သူများ၊ ခေါင်းအုံးအမာ အိပ်သူများတွင် ဖြစ်လေ့ရှိသည်။

- ပရုတ်ဆီ၊ လေးညှင်းဆီ၊ မင်သော်ဆီတို့ကို ပျားဖယောင်းနှင့် ရောစပ်ကျိုပြီး ဇက်တွင် လိမ်းပေးပါ။

- ဆားကို ရေနွေးနှင့်ဖျော်ပြီး မျက်နှာသုတ်ပဝါ စိမ်၍ ညှစ်ပြီး ဇက်ပေါ်တွင် တင်ပေးလျှင် ချက်ချင်း သက်သာစေသည်။

ဒူးကျီးပေါင်းရောဂါ

ဝံအူမြစ်၊ တောရှောက်မြစ်နှင့် သစ်ကြံပိုးခေါက် သုံးမျိုးကို အမှုန့်ကြိတ်ပြီး ရေနွေးဖြင့်ဖျော်၍ အုံစည်းပေးလျှင် ကွေးဆန့်မရသော ဒူးကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။

- သင်္ဘောရွက်ကို မီးကင်ပြီး ဒူးပေါ်တွင်အုပ်၍ အဝတ်ဖြင့်စည်းပေးလျှင် ကျီးပေါင်းကြောင့် ဖြစ်သော ဒူးဆစ်ကျပ်ဝေဒနာ သက်သာစေနိုင်သည်။

ဓမ္မတာသွေးချုပ်လျှင်

ချင်းပါးပါးလှီး ခုနစ်လွှာ၊ ကွမ်းရွက် သုံးရွက်၊ ထန်းလျက် ခုနစ်ခဲ ရေနွေးမတ်ခွက် တစ်လုံးနှင့် ရောကျို၊ ဆားလှော် အနည်းငယ် ခတ်သောက်ပါ။

- ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ဟင်းချိုချက်၊ ပတဲကော အမှုန့်အနည်းငယ် ခတ်၍သောက်ပါ။ ရက်လွန်ဓမ္မတာ ထိမ်ခြင်းအတွက် ကောင်း၏။

- ကြိတ်မှန်ရွက်၊ မန်ကျည်းမှည့်၊ ထန်းလျက်၊ ဆားလှော် ရောကျိုပြီး ဟင်းစားဇွန်းနှစ်ဇွန်း တစ်နေ့ နှစ်ကြိမ် သောက်ပါ။

နားလေး

ကြောင်လျှာသီးဟင်း ချက်စားပါ။ အရည်ညှစ်၍လည်း နားကျပ်ပေးပါ။

- ကြောင်လျှာပွင့်ကို အသုပ်ပြုလုပ်၍ မကြာခဏ စားပေးလျှင် လူကြီးများ နားလေး သက်သာစေသည်။

- နွားနို့ တစ်ဖန်ခွက်ကို ဆူအောင်တည်၊ နနွင်းမှုန့် မန်ကျည်းစေ့ခန့် ထည့်၊ နေ့စဉ် ဖျော်သောက်လျှင် နားလေး သက်သာစေသည်။

- ဗာဒံသီး အစေ့ကို ထုပြီး စားပေးပါက နားလေး၊ နားအူ သက်သာစေသည်။

နှာခေါင်းတွင်းနာ

ရေကို လက်ခုပ်ဖြင့် ရှူသွင်းပေးပါ။

- ဆားခါးကို ရေနွေးဖြင့်ဖျော်၊ နှာခေါင်းတွင်းသို့ ဝင်အောင် မော့ပြီးထည့်ပါ။ တစ်ဖက် နှာခေါင်းပေါက်မှ ပြန်ထွက်လာပါလိမ့်မည်။

- သံပရာသီးကို အရည်ညှစ်၍ နှာခေါင်းတွင်းသို့ ထည့်ပါ။

- နှာခေါင်းတွင်း ဝက်ခြံပေါက်လျှင် သြဇာသီးခြောက်ကို သွေးပြီး နှာခေါင်းအပြင်မှလိမ်းပါ။

Read 188 times Last modified on Thursday, 14 June 2018 10:01