SJ WorldNews - шаблон joomla Авто

သူနာပြုများ သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်းကို အဝေးသင် နည်းလမ်းဖြင့် လုပ်ငန်းခွင်မပျက် သင်ယူနိုင်ရန် စီစဉ်

Friday, 06 July 2018 09:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇူလိုင်  

လုပ်ငန်းခွင်အတွင်းရှိ သူနာပြုများ သူနာပြုသိပ္ပံ(ပေါင်းကူး) သင်တန်းကို လုပ်ငန်းခွင် မပျက်စေဘဲ  အဝေးသင်နည်းလမ်းဖြင့် သင်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သူနာပြု တက္ကသိုလ်(ရန်ကုန်) ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါသင်တန်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အကူအညီဖြင့်  ၂ဝ၁၅  ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး  ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။ ထိုကဲ့သို့ အဝေးသင်နည်းလမ်းဖြင့် လုပ်ငန်းခွင်မပျက် သူနာပြုသိပ္ပံဘွဲ့ ချီးမြှင့်ခြင်းဖြင့် ဆေးရုံများ၌  သူနာပြုအင်အား လျော့နည်းမှုမရှိဘဲ  ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် သူနာပြုသိပ္ပံသင်တန်း  မတက်ရောက် နိုင်ခဲ့သည့် Senior Nurses  များ ဘွဲ့ရနိုင်သော အခွင့်အလမ်းများ  ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ဘွဲ့ရအရေအတွက် တိုးလာခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ သင်တန်းကျောင်းများ၏   စွမ်းဆောင်ရည် တိုးမြှင့်နိုင်ခြင်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်တို့ရှိ ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း တိုးမြင့်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

''လုပ်ငန်းခွင်မပျက်ဘဲ  စာစဉ်တွေလည်း ဖြေရမယ်။လောလောဆယ် ဆေးရုံတွေကို အကြောင်းကြား ထားပြီးပြီ။ သင်တန်းကျောင်းတွေကို သွားရောက်ပြီး  ကျောင်းအုပ်တွေနဲ့ ဆွေးနွေးနေတဲ့ အဆင့်ပဲ ရှိသေးတယ်။ လူဦးရေ   ဘယ်လောက်ခေါ်မလဲ ဆိုတာကတော့ လျှောက်ထားတဲ့အပေါ် မူတည်တယ်'' ဟု ၎င်းကပြောသည်။

ယင်းသင်တန်းကိုသူနာပြုတက္ကသိုလ် (ရန်ကုန်) ၊ (မန္တလေး) ၊တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သူနာပြုသင်တန်းကျောင်းများနှင့် ချိတ်ဆက်၍ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

Read 109 times Last modified on Friday, 06 July 2018 09:44