SJ WorldNews - шаблон joomla Авто

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်း အစီအစဉ်တွင် UK နိုင်ငံမှ ပံ့ပိုး ကူညီလျက်ရှိ

Monday, 09 July 2018 10:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇူလိုင်  

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင် ဆောင်ရွက်နေသည့် အစီအစဉ်အတွက် UK နိုင်ငံမှ ပံ့ပိုးကူညီမှုများ ပေးလျက်ရှိကြောင်း   UKအပြည်ပြည်ဆိုင်ရာ   နိုင်ငံတကာ  ဖွံ့ဖြိုးတိုးတက်ရေး ဌာန ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံ  ဒေါက်တာမြသက်စုမော်ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အပိုင်းများနှင့် ပတ်သက်၍ Master Plan ကို အစိုးရပိုင်းမှ စီစဉ်လုပ်ဆောင်လျက်ရှိပြီး အဆိုပါ လုပ်ဆောင်မှုများအပေါ်  UK နိုင်ငံ အစိုးရဘက်မှ  ပံ့ပိုးကူညီခြင်းများ  ပါဝင် ဆောင်ရွက်လျက်ရှိသည်။

အများစုမှာ     ဆေးဝါးကုသမှုခံယူရန်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အားထားနေရသဖြင့်   ဆေးရုံကြီးရှိ   အဆောက်အအုံနေရာတိုင်းကို    အများပြည်သူ အသုံးပြုနိုင်ရန်နှင့်  ယင်းအဆောက်အအုံများသည် ပြည်သူများအတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်၍ Master Plan တွင် ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း သိရသည်။

''ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည် ပြုပြင်မွမ်းမံရေး လုပ်ငန်းမှာ အဓိကအနေနဲ့ လေဝင်လေထွက်ကောင်းဖို့နဲ့  တကယ်လို့ မီးဘေးအန္တရာယ် ကျရောက်ခဲ့ရင် Fire Safely ဖြစ်ဖို့ လုပ်ဆောင်ပေးနေပါတယ်'' ဟု  ဒေါက်တာမြသက်စုမော် ကပြောသည်။

သို့ဖြစ်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် Master   Plan တွင် အရေးကြီးဆုံးအနေဖြင့်  Fire  Safely  ပိုင်းများအပါအဝင် ဆေးရုံကြီး၌  ရေလွှမ်းမိုးမှုများ  မဖြစ်စေရေးအတွက် ပါဝင်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း   သိရသည်။

အဆိုပါအစီအစဉ်ကို အစိုးရပိုင်းအနေဖြင့် ၂ဝ၁၄  ခုနှစ်ခန့်မှ   စတင်အကောင် အထည်ဖော် လုပ်ဆောင်ခဲ့ပြီး UK နိုင်ငံမှ  နည်းပညာပိုင်း ပါဝင်ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ယခင်ထက် တိုးတက်မှုများ ရှိလာကြောင်း သိရသည်။  

Read 63 times Last modified on Monday, 09 July 2018 10:46