SJ WorldNews - шаблон joomla Авто

မျက်စိ ဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးမည်

Tuesday, 10 July 2018 10:44 font size decrease font size decrease font size increase font size increase font size

တောင်ကြီး  ဇူလိုင်  

ပြည်တွင်းမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အမေရိကန် SEVA Foundation မှ မျက်စိအထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံသာရပ်ကွက်ရှိ မေတ္တာရှင်ကုသိုလ်ဖြစ် ဆေးရုံကြီး၌ ဇူလိုင်လ ၂၄ ရက်မှ စတင်၍ မျက်စိဝေဒနာရှင်များအား တတိယအကြိမ် အခမဲ့   စမ်းသပ်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

မျက်စိဝေဒနာရှင်များကို ပြည်တွင်းပြည်ပမှ မျက်စိအထူးကု ဆရာဝန်ကြီးများက စမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး မျက်စိဝေဒနာ လူနာများအနေဖြင့် လာရောက်ပြသလိုပါက ပြသစမ်းသပ် ကုသနိုင်ကြောင်း မေတ္တာရှင်အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မေတ္တာရှင်ကုသိုလ်ဖြစ်  ဆေးရုံကြီးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ လာရောက်ပြသ ကုသသူ ပထမအကြိမ်တွင် ပြသစမ်းသပ်သူ ၁၆၉၉ ဦးရှိရာ ခွဲစိတ်ကုသခံယူသူ ၂၁၈ ဦး၊ ဒုတိယ အကြိမ်တွင်  လာရောက်ပြသ စမ်းသပ်သူ ၂ဝ၇၄ ဦးရှိသည့်အနက် ခွဲစိတ်ကုသ ခံယူသူ ၂၅၉ ဦးစုစုပေါင်း  ၄၇၇ ဦးကို အခမဲ့ ခွဲစိတ် ကုသပေးကြောင်းနှင့် တတိယအကြိမ်တွင် ဇူလိုင် ၂၄  ရက်မှ  ဒီဇင်ဘာ၁ဝ ရက်အထိ အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။     

Read 110 times Last modified on Tuesday, 10 July 2018 10:46