SJ WorldNews - шаблон joomla Авто

PET/CT နှင့် SPECT/CT Imaging Centre ဖွင့်ပွဲ ပင်လုံဆေးရုံ၌ ကျင်းပမည်

Wednesday, 11 July 2018 09:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင်  ၁ဝ

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု ဖြစ်သည့် ပင်လုံဆေးရုံ၌ ဓာတ်ရောင်ခြည်ဆေးဖြင့်   ရောဂါရှာဖွေ စစ်ဆေးပေးနိုင်မည့် PET/CT နှင့ှ် SPECT/CT Imaging Centreဖွင့်ပွဲကို ဇူလိုင် ၁၅ ရက်တွင် အဆိုပါ ဆေးရုံတည်ရှိရာ  ဆရာစံလမ်းမကြီး  ဒဂုံ (မြောက်ပိုင်း)မြို့နယ်၌   ကျင်းပမည်ဖြစ် သည်။

PET/CT  ဆိုသည်မှာ  ဓာတ်ရောင်ခြည် ဆေးဖြင့် ရောဂါရှာဖွေစစ်ဆေးသည့် ပုံစံတစ်မျိုးဖြစ်ကာ    ကင်ဆာရောဂါ  ကနဦး အဆင့်တွင် အသုံးပြုပြီး   ဆောလျင်စွာသိရှိ ခြင်းဖြင့်  ကုသပျောက်ကင်းနိုင်ရန်  အခွင့် အလမ်းများစွာ ပေးနိုင်သည်။ ယခင်က မြန်မာနိုင်ငံမှ လူနာများသည် PET/CTရိုက်ကူး စစ်ဆေးလိုပါက ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌သာ  စစ်ဆေးမှု ခံယူနိုင်ပြီး  ယခုအခါ အဆိုပါ စမ်းသပ်မှုကို ပင်လုံဆေးရုံ၌ စစ်ဆေးမှု ခံယူနိုင်တော့မည်ဖြစ်သောကြောင့် လူနာများအတွက် ရွေးချယ်စရာ အခွင့်အလမ်းတစ်ခု ရရှိခဲ့ပြီဖြစ်သည်။ အလားတူ SPECT/ CT သည်လည်း  ဓာတ်ရောင်ခြည်ဆေးဖြင့် ရောဂါရှာဖွေ စစ်ဆေးသည့် ပုံစံတစ်မျိုးဖြစ်ပြီး  ခန္ဓာကိုယ်အတွင်းပိုင်းရှိ  အစိတ်အပိုင်း အမျိုးမျိုးကို   ပုံရိပ်ဖော်ရှာဖွေ စစ်ဆေးနိုင်ခြင်းကြောင့် ဦးနှောက်အတွင်း ပုံမှန်အလုပ်မလုပ်သောနေရာများ၊နှလုံးအတွင်းပိုင်း လက္ခဏာများနှင့် အရိုးအတွင်းပိုင်းရှိ  ပြဿနာများကို   ရှာဖွေဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်။

PET/CT နှင့် SPECT/CT Imaging Centre ဖွင့်လှစ်နိုင်ခြင်းကြောင့် ပင်လုံဆေးရုံသည်  လူနာများအတွက် လိုအပ်သည့် ကင်ဆာရောဂါ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစအဆုံးကို  တစ်နေရာတည်း၌ ပေးစွမ်းနိုင်သော  ကင်ဆာအထူးကု စင်တာအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း   သိရသည်။

Read 86 times Last modified on Wednesday, 11 July 2018 09:48