SJ WorldNews - шаблон joomla Авто

စစ်ကိုင်းတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူသေဆုံးမှု ယခင်နှစ်ထက် များပြား

Tuesday, 07 August 2018 10:10 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်း သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၁၈ခုနှစ် ဇူလိုင်လအထိ  သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေ  ၉၅ဝ ကျော်ရှိခဲ့ပြီး သေဆုံးသူ  ရှစ်ဦးအထိ ရှိနေပြီဖြစ်သဖြင့် သေဆုံးမှုမှာ   ယခင်နှစ်ထက် ပိုများလာကြောင်း  မုံရွာခရိုင်   ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ယင်းမာပင်၊ ကလေး၊ ပုလဲ၊ မုံရွာ၊ ဆားလင်းကြီး စသည့်မြို့နယ်တို့၌  အဖြစ်များနေပြီး ယင်းမာပင်မြို့နယ်တွင် အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၅ဝ ကျော်၊  သေဆုံးသူ သုံးဦးရှိနေပြီဖြစ်သည်။

''မနှစ်ကထက်ယှဉ်ရင် ဒီနှစ်က ဇူလိုင်လကုန်ပိုင်းမှာ ပိုများလာတာ တွေ့ရပါတယ်။ ဒီဟာကလည်း ရာသီဥတု အကူးအပြောင်း အချိန်ကာလပေါ်မူတည်ပြီးတော့ သွေးလွန်တုပ်ကွေးရောဂါက ရာသီဝင်ချိန်နောက်ကျတဲ့ အတွက် ဇူလိုင်လကုန်မှာ ပိုပြီးများပြားလာတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသမှာတော့ ရောဂါမဖြစ်သလောက်ပဲ။ ရာသီဥတုနဲ့ မြေပြင်အနေအထားကြောင့်ပါ။ ခြင်နှိမ်နင်းရေးအပြင် ပိုးလောက်လမ်း နှိမ်နင်းရေးတွေပါ ပူးတွဲလုပ်ဆောင်ရတယ်။

လုပ်ဆောင်တဲ့အခါမှာ တစ်အိမ်တည်း၊  တစ်မိသားစုတည်း လုပ်လို့မရပါဘူး။ ရပ်ကွက်၊ ကျေးရွာအကုန်လုံး ပါဝင်မှရမှာပါ။  ကျန်းမာရေးဌာန တစ်ခုတည်းနဲ့ မအောင်မြင်နိုင်ဘူး။ အားလုံးပူးပေါင်းပါဝင်မှ   အောင်မြင်နိုင်မှာပါ''ဟု မုံရွာခရိုင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ  အောင်ရဲကျော်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂ဝ၁၇ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ  ၁၄၆၂ ဦးရှိခဲ့ပြီး  ခြောက်ဦးသေဆုံးခဲ့ကာ ယခုနှစ် ဇန်နဝါရီလကနေ  ဇူလိုင်လကုန်ထိ    သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ဦးရေ ၉၅ဝ ကျော်ရှိကြောင်း သိရသည်။

Read 71 times Last modified on Tuesday, 07 August 2018 10:11