SJ WorldNews - шаблон joomla Авто

ကျန်းမာရေး ဝန်ထမ်းများသို့ဖြန့်ဝေမည့် Mobile Tablet များတွင် အချက်အလက်များ ထည့်သွင်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေး ရှင်းလင်း

Thursday, 09 August 2018 10:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  

 Health Manpower Database, MoHS Mail Server နှင့် ကျန်းမာရေး ဝန်ထမ်းများ သို့ဖြန့်ဝေမည့် Mobile Tablet ဖုန်းများတွင် အချက်အလက်များ ထည့်သွင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

အခမ်းအနားတွင်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတကာ ပြောင်းလဲဖွံ့ဖြိုး တိုးတက်မှုများကို ရင်ပေါင်တန်းလိုက်နိုင်ရန် သတင်းအချက်အလက်နှင့်  ဆက်သွယ်ရေး နည်းပညာကို   ပိုမိုပီပြင်စွာ အသုံးပြုနိုင်ရေးအတွက် အားဖြည့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ဝန်ကြီးဌာန၏  Website ဖြစ်သော www.mohs.gov.mm တွင် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ ကျန်းမာရေး အသိပညာများ၊ မူဝါဒများနှင့် လုပ်ငန်း အစီအစဉ်များကို ပြည်သူများသိရှိနိုင်ရေး အသိပေးလွှင့်တင်လျက် ရှိကြောင်း၊ ဦးစီးဌာန အလိုက်၊ ဆေးရုံ/ကျန်းမာရေး ဌာနများအလိုက် ဝန်ထမ်းခွင့်ပြု/ခန့်ထား/ လစ်လပ်စာရင်းများ၊ ကိုယ်ရေးရာဇဝင်၊ တာဝန်ထမ်းဆောင်မှု၊ လုပ်သက်၊ ပညာအရည်အချင်း စသည့် အချက်အလက်များ ပါဝင်သော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် သတင်းစနစ် (Health Manpower Database)ကိုလည်း Web-based အနေဖြင့် www.hrms-mohs.gov.mmကို ယနေ့အချိန်တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း။

အဆိုပါအချက်အလက်များကို အသုံးပြု၍ ဝန်ထမ်းပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဝန်ထမ်းအင်အား လိုအပ်ချက်ဆန်းစစ်ခြင်း၊ ဝန်ထမ်းအမျိုးအစား အလိုက် သင်ကြားမွေးထုတ်ခြင်း၊ ပညာတော်သင် စေလွှတ်ခြင်း အစရှိသည့် ကိစ္စရပ်များ အပါအဝင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ကိစ္စရပ်များကို ယခင်ကထက် ပိုမိုလွယ်ကူတိကျစွာ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။

သားဖွားဆရာမများ အပါအဝင် အခြေခံ ကျန်းမာရေး ဝန်ထမ်းများကို ပေးအပ်သွားမည့် MobileTablet ဖုန်းများတွင် online/ offline အသုံးပြုနိုင်သော ကျန်းမာရေးဆိုင်ရာ Applicationများ၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၊ဝန်ထမ်းများ သိသင့်သိထိုက်သော လမ်းညွှန်များကို အရန်သင့်ထည့်သွင်းထားကာ နောက်ဆုံးပေါ် ဆေးပညာများကိုလေ့လာခြင်း၊ ဝန်ထမ်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် ပေးပို့ဖလှယ်ခြင်း၊ ဝန်ကြီးဌာန Website အပါအဝင် Website များကိုကြည့်ရှုလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

ဆက်လက်၍လည်း ကုသရေးဆိုင်ရာ လက်စွဲစာအုပ်များ၊ လမ်းညွှန်များ၊ Application များ ထည့်သွင်းထားသည့် Mobile  Tablet ဖုန်းများကို တိုက်နယ်၊ မြို့နယ်ဆရာဝန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုနှင့် စဉ်ဆက်မပြတ် ဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို Mobile  Tablet ဖုန်းများအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် Mobile  Tablet ဖုန်းအလုံးရေ ၁၂၂၇၇ လုံးဝယ်ယူထားပြီးဖြစ်ကာ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များက ၆၅ဝ လုံး လှူဒါန်းမှုကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ GAVI အဖွဲ့အစည်းက ဖုန်းအလုံးရေ ၁၄ဝဝဝ ခန့် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ၁၂ဝဝ လုံးကိုလည်း တင်ဒါခေါ်ယူ၍ ဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက Webbased  Human  Resource  Management System အသုံးပြုခြင်းနှင့် အစီရင်ခံစာကြည့်ရှုခြင်း၊ Computerized  Inventory Management ၊  MoHS  Mail  Server   နှင့် Mobile  Tablet များ ဆောင်ရွက်ထားရှိမှုနှင့် အသုံးပြုပုံ စသည်တို့ကို တင်ပြခဲ့ကြသည်။

(သတင်းစဉ်)

Read 134 times Last modified on Thursday, 09 August 2018 10:49