SJ WorldNews - шаблон joomla Авто

သီတဂူဇောတိက စက္ခုဒါန ဆေးရုံတော်၌ အရိုးအကြော ဝေဒနာရှင်များအား ကုသပေး

Monday, 24 September 2018 12:14 font size decrease font size decrease font size increase font size increase font size

အောင်လံ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး    အောင်လံမြို့ ရွာထောင်ရပ်ကွက် ဓညဝတီရခိုင် ပရိယတ္တိ စာသင်တိုက်အတွင်းရှိ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်၌ ယနေ့နံနက်ပိုင်းမှ စတင်၍ အရိုးအကြောကု ဆရာဝန်ကြီးများအဖွဲ့က အောင်လံမြို့၊ သရက်မြို့နှင့် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ဒေသတို့ရှိ အရိုးအကြောအဆစ်နှင့် အနာပေါက်ဝေဒနာရှင် ၃ဝဝ ဦးအား အခမဲ့ရောဂါစစ်ဆေးခြင်း၊ ဆေးပေးခြင်းတို့နှင့် ခွဲစိတ်ကုသရန် လိုအပ်သူများကို သက်ဆိုင်ရာဆေးရုံကြီးများတွင် ခွဲစိတ်ကုသပေးခြင်းတို့ ဆောင်ရွက်ကြသည်။

ထိုသို့ကုသပေးရာတွင် သီတဂူဇောတိက စက္ခုဒါနဆေးရုံတော် တာဝန်ခံ ဆရာတော် အရှင်ဇောတိကနှင့် သီတဂူဇောတိကစက္ခု ဒါနဆေးရုံ ကြီးကြပ်ရေး ကော်မတီဝင်များ၊ မြို့ပေါ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

Read 98 times Last modified on Monday, 24 September 2018 12:15