SJ WorldNews - шаблон joomla Авто

ယခုနှစ်အတွင်း တည်ဆောက်ရန် လျာထားသည့်ကျန်းမာရေး ဝန်ထမ်း အိမ်ရာများ အနက် အခန်းပေါင်း ၃၆ဝဝ ကျော် တည်ဆောက်ပြီးစီး

Thursday, 27 September 2018 10:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၆

ယခုနှစ်အတွင်း တည်ဆောက်ရန် လျာထားသည့် ကျန်းမာရေး ဝန်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆ဝဝ ကျော် တည်ဆောက်ပြီးစီးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ယခုနှစ်အတွင်း ကျန်းမာရေး ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်စေရန် ဝန်ထမ်းအိမ်ရာများအား ဦးစားပေး တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းသို့ တည်ဆောက်ရာတွင် သတ်မှတ်ချက်နှင့်အညီ နိုင်ငံတော်အစိုးရမှ ခွင့်ပြုခွဲဝေပေးထားသော ဘဏ္ဍာငွေပေါ် မူတည်၍ သက်ဆိုင်ရာဦးစီးဌာန အသီးသီးက ဆောက်လုပ်ရန်လျာထားသော ဝန်ထမ်းအိမ်ရာများနှင့် ပြီးစီးနိုင်မည့် ဝန်ထမ်းအိမ်ရာများအား တွက်ချက်ထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ အိမ်ရာအလုံးပေါင်း ၃၈ဝ ကျော် ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆောက်လုပ်လျက်ရှိသည့် အိမ်ရာများအနက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများ အတွက် အိမ်ရာပေါင်း ၂၉၄ ခု (အိမ်ခန်းပေါင်း ၂၉၇၇ ခန်း)၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ အတွက် အိမ်ရာပေါင်း ၅၈ ခု (အိမ်ခန်းပေါင်း ၁၆၂ ခန်း)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာတစ်ခု (အိမ်ခန်းပေါင်း ၃၆ ခန်း)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အတွက် အိမ်ရာပေါင်း ၂၇ ခု (အိမ်ခန်းပေါင်း ၄ဝဝ)၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန အတွက် အိမ်ရာတစ်ခု (အိမ်ခန်းတစ်ခန်း)တို့အား တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။

တည်ဆောက်ပြီးစီးခဲ့သည့် အိမ်ရာများတွင် သက်ဆိုင်ရာ ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေး အတွက်လည်း ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်ရှိခြောက်လတာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ဝန်ထမ်းအိမ်ရာ အလုံးပေါင်း ၃၈၁ခု ဆောက်လုပ်နေကြောင်း၊ လာမည့်ဘဏ္ဍာ နှစ်တွင်လည်း ဆက်လက်တည်ဆောက်မည့် အိမ်ရာများကိုလည်း တွက်ချက်ထားကြောင်း သိရသည်။

Read 350 times Last modified on Thursday, 27 September 2018 10:43