SJ WorldNews - шаблон joomla Авто

ရန်ကင်း ကလေးဆေးရုံကြီး၌ မွေးရာပါ နှလုံးဝေဒနာရှင် ကလေးငယ်များကို ခွဲစိတ်မှု မပြုဘဲ သုံးနှစ်အတွင်း လူနာ ၇၉၉ ဦး အောင်မြင်စွာ ကုသနိုင်

Wednesday, 03 October 2018 09:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ   ကလေးဆေးရုံကြီး၌  မွေးရာပါနှလုံး ဝေဒနာရှင် ကလေးငယ်များအား နှလုံးခွဲစိတ် ကုသမှု မပြုဘဲ သုံးနှစ်အတွင်း လူနာပေါင်း ၇၉၉ ဦးအား အောင်မြင်စွာ   ကုသပေးနိုင်ခဲ့ကြောင်း   ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်ထံမှ သိရသည်။

ယင်းကဲ့သို့ ကုသပေးရာတွင်   Cardiac Catheri Zation Laboratory (နှလုံးပိုက်သွင်း စမ်းသပ်ကုသစက်)ဖြင့် နှလုံးခွဲစိတ် ကုသစရာမလိုဘဲ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များကို အဆို့ (Device)ဖြင့် ပတ်ခြင်း၊ ဘောလုံးဖြင့် ချဲ့ခြင်း၊ နှလုံးသွေး ကြောထောက်ပြွန် ထည့်၍ ကုသပေးခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာရှိ နှလုံးရောဂါနှင့် ဆိုင်သော အဖွဲ့အစည်းမှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပူးပေါင်း၍ နှလုံးရောဂါနှင့် ပတ်သက်ပြီး အောင်မြင်မှု ရှိစေရန် ကုသဆောင်ရွက်ပေးလျက် ရှိကြောင်း၊   ယင်းအတွက်ကြောင့်  အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုတွင် နိုင်ငံတကာ အဆင့်မီ ကုသပေးနိုင်လာပြီဖြစ်ကြောင်း သိရသည်။

''ပြည်ပက ပညာရှင်တွေနဲ့ ပူးပေါင်းကုသပေးနေတာကနေ နည်းပညာတွေ ရရှိနေပါတယ်။ အခုကုသပေးနေရာမှာလည်း ရာနှုန်းပြည့်နီးပါး အောင်မြင်မှု ရရှိနေပါတယ်။ ဒီမှာ နိုင်ငံတကာအဆင့်မီ ကုသပေးနေတာကြောင့် အရင်ထက်  ကုန်ကျစရိတ် သက်သာမယ်။ နောက်ပြီး  မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်တွေအတွက်လည်း နှလုံးကိုခွဲစိတ်စရာ မလိုတော့ ပိုပြီးအဆင်ပြေတာပေါ့။ သုံးနှစ်အတွင်းမှာ လူနာပေါင်း ၇ဝဝ ကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်။ အရင်ကဆို ခေတ်မီ ကုသပေးနိုင်တာ မရှိခဲ့ပါဘူး။ပြည်ပမှာ သွားရောက်ကုသရတဲ့ အခြေအနေအထိ ရှိခဲ့ပါတယ်။ အခုတော့ သွားကုသစရာမလိုတော့ဘူး။ ဒီမှာတင်ပဲ အဆင်ပြေစွာ ကုသပေးနိုင်ပါပြီ''ဟု ဒေါက်တာမြင့်မြင့်ခိုင်ကပြော သည်။

ရန်ကင်းကလေးဆေးရုံကြီး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ခွင့်ပြုရန်ပုံငွေဖြင့် နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုသ တိုးချဲ့ဆောင်သစ်(ခြောက်ထပ်)အား စက်တင်ဘာ ၂၂ ရက်က စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင်  မွေးရာပါနှလုံး ရောဂါဝေဒနာရှင် များအား ကုသပေးနိုင်မှု အနေဖြင့် တစ်နေ့လျှင် လူနာလေးဦးခန့်ကို ခွဲစိတ်ကုသပေးလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက်မှ လက်ရှိအချိန်ထိ UK Team ၊ Japan Team များဖြင့် ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေး၂၅ ဦးကို နှလုံးခွဲစိတ်စရာ မလိုဘဲ  ကုသပေးနိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ  လိုအပ်သော စက်ကိရိယာများနှင့် ထောက်ပံ့မှုများ  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။                               

Read 197 times Last modified on Wednesday, 03 October 2018 09:28