SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ ခုတင် ၅ဝဝ ဆံ့ ဆေးရုံ၌ စုပေါင်း သွေးလှူဒါန်း

Wednesday, 03 October 2018 09:47 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား အောက်တိုဘာ ၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ခုတင် ၅ဝဝ ဆံ့အထွေထွေ ရောဂါကု ဆေးရုံကြီး  သွေးလှူဘဏ် ဌာနခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း ကြကြောင်း သိရသည်။

''ကျွန်တော်တို့ ဒီနေ့ အခမ်းအနားကတော့ နှစ် ၃ဝ မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အရာထမ်းတွေ၊ အမှုထမ်းတွေ စုပေါင်းပြီး သွေးလှူဒါန်းခြင်းဖြစ်ပါတယ်။ ဒီဟာနဲ့ဆိုရင် ကျွန်တော်တို့ ခုလိုသွေးလှူဒါန်းတာ ငါးကြိမ် ရှိပါပြီ။ အဓိကအားဖြင့် ကျွန်တော်တို့ဌာနရဲ့  ရည်မှန်းချက်တာဝန် လေးရပ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်''ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ကပြောသည်။

သွေးလှူဘဏ်ဌာန၌ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး    ဦးသန်းထက်အောင် ဦးစီးသော အရာထမ်း၊  အမှုထမ်းများ စုစုပေါင်း အင်အား ၁၄ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက  လိုက်လံကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ စုပေါင်း သွေးလှူဒါန်းသည့် ဝန်ထမ်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အင်အားဖြည့် အာဟာရအဖြစ် ကြက်ဥ၊ကွေကာအုပ်၊  ကိတ်မုန့်နှင့်  နွားနို့များ ပေးအပ်ကြောင်း သိရသည်။

Read 112 times Last modified on Wednesday, 03 October 2018 09:48