SJ WorldNews - шаблон joomla Авто

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

Wednesday, 03 October 2018 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော်ကောင်စီနယ်မြေ  ဥတ္တရခရိုင်   ပုဗ္ဗသီရိမြို့နယ်  မင်္ဂလာဒီပ ရပ်ကွက် ကျန်းမာရေး ဆေးပေးခန်း၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ  ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင် ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်  မင်္ဂလာဒီပ ရပ်ကွက် တာဝန်ခံ သားဖွားဆရာမ ဒေါ်ပုလဲဂေလူမြာက  မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များ၊ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေး စနစ်တကျ အချိန်မှန်ထိုးနှံ တိုက်ကျွေးခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ အကြောင်း အသိပညာပေး ပြောကြားသည်။

ထို့နောက် မွေးကင်းစမှ အသက်တစ်နှစ်ခွဲ အထိ ကလေးငယ်များကို  BCG ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် PCV ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး အစက်ချနှင့် ပိုလီယိုထိုးဆေး၊ ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင် မိခင်များကို မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးကာ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း ၆ဝ ဦးအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

Read 107 times Last modified on Wednesday, 03 October 2018 10:10