SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာမြို့နယ်၌ ကလေးမွေးဖွားပြီး မိခင်သေဆုံးမှု ဖြစ်စဉ် အများဆုံး ဖြစ်ပွား

Thursday, 04 October 2018 09:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကလေးမွေးဖွားပြီး  မိခင်သေဆုံးသည့် ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၌   အများဆုံးဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွားဌာနခွဲ ညွှန်ကြားရေးမှူးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလေးမွေးဖွားပြီး မိခင်သေဆုံးမှုနှုန်းကို စစ်တမ်း ကောက်ယူခဲ့ရာ လှိုင်သာယာမြို့နယ်အတွင်း အများဆုံး ဖြစ်နေသည်ကို   စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ၂ဝ၁၇ ခုနှစ်က ကောက်ယူထားသော စစ်တမ်းတွင် သေဆုံးသူမိခင် ၁၇ ဦးအနက် ၁၁ ဦးသည်  ကိုယ်ဝန်ဖျက်ချခြင်းကြောင့်  သေဆုံးခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင်  လှိုင်သာယာမြို့နယ်အတွင်း အရှင်မွေး ကလေးငယ်တစ်သိန်းတွင် မိခင် ၂၂၈  ဦး သေဆုံးနေပြီး   အများစုသည် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

''အဓိကဖြစ်နေတဲ့ပြဿနာက သားဆက်ခြား အသိပညာတွေ အားနည်းနေလို့ ဖြစ်နေတာပါ။ ဒါတွေကို  အကျယ်တဝင့် သိရှိလာအောင် ကျန်းမာရေး ဦးစီးဌာနတွေကနေ  ဆောင်ရွက်ပေးနေတယ်။ လေ့လာတွေ့ရှိချက်တွေ အရ မီးဖွားပြီး သွေးလွန်တာတွေ၊ ကိုယ်ဝန်ဆိပ် တက်တာတွေ၊ သားပျက်သားလျှော ဖြစ်တာတွေကြောင့် သေဆုံးရမှု များပါတယ်။ ဒါပေမဲ့   လှိုင်သာယာမြို့နယ်မှာကျတော့  သားဆက်ခြား အသိပညာနဲ့ ပတ်သက်ပြီး  သိရှိမှုအားနည်းလို့  မိခင်သေဆုံးတဲ့ဖြစ်စဉ် အများဆုံးဖြစ်ခဲ့ရတာ။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ချိန်မှာ ဂရုတစိုက် လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်''ဟု ၎င်းကပြောသည်။

သို့ဖြစ်၍ ကလေးမွေးဖွားပြီး မိခင်သေဆုံးမှု ဖြစ်စဉ်များ  လျော့နည်းစေရေး အတွက် အသိပညာပေး နေသော်လည်း   လိုက်နာဆောင်ရွက်မှု   အားနည်းနေသေးကြောင်း သိရသည်။ 

Read 159 times Last modified on Thursday, 04 October 2018 09:46