SJ WorldNews - шаблон joomla Авто

မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

Wednesday, 10 October 2018 09:50 font size decrease font size decrease font size increase font size increase font size

ပဲခူး အောက်တိုဘာ ၉

၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး၊    ပဲခူးမြို့ မျက်ခမ်းစပ်နှင့်  မျက်မမြင် ကာကွယ်ရေး စီမံကိန်းဒေသကြီး(၄) မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုကိုဦးနှင့်   ကျန်းမာရေး ဝန်ထမ်းများသည်  ကဝမြို့နယ်အတွင်းရှိ အုန္နဲ၊ နိဗ္ဗာန်ကျေးရွာနှင့်   ပတ်ဝန်းကျင် ကျေးရွာတို့မှ   မျက်စိဝေဒနာရှင်များအား မျက်စိကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုကိုဦးက မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောပြီး ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ  မျက်စိဝေဒနာ ရှင်များအား မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ မျက်မှန်စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထို့ပြင်ကာကွယ်၍ ရသော၊ကုသ၍ရသော မျက်စိရောဂါများနှင့် ခွဲစိတ်ရန် လိုအပ်သော လူနာ ၆၅ ဦးအားဌာနချုပ်ရှိရာ ပဲခူးမြို့မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်း ဒေသကြီး(၄)သို့ ခေါ်ဆောင်ပြီးကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် Fred Hollow အဖွဲ့တို့၏ ကူညီပံ့ပိုးမှုဖြင့် အခမဲ့ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

Read 63 times Last modified on Wednesday, 10 October 2018 09:51