SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် စပိန်နိုင်ငံတို့ရှိ ဆေးကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်မည်

Wednesday, 17 October 2018 12:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ၌ အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ဆေးကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းသစ်များ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

အဆိုပါဆေးဝါးစက်ရုံတွင် ပြည်တွင်း၌ ထုတ်လုပ်ဖူးခြင်း မရှိသေးသည့် ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကင်ဆာရောဂါကုသဆေး၊ ဗိုင်းရပ်စ်သတ်ဆေးနှင့် ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရန် စီစဉ်ထားသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်အတွင်း ဆေးဝါး ၂၁ မျိုးထုတ်လုပ်ခဲ့ပြီး  လက်ရှိတွင် နှလုံး၊ ကျောက်ကပ်၊ အစာအိမ် ရောဂါကုသဆေးများ အပါအဝင်  ဆေးဝါး အမယ်သစ်များကို   မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၏   ခွင့်ပြုအတည်ပြုချက်ရရှိရန်လည်း တင်ပြထားကြောင်း၊ ယင်းဘဏ္ဍာနှစ်အတွင်း  အင်းစိန်ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများ ရောင်းချမှုမှ ငွေကျပ် ၃၆ ဒသမ ၉၄၂ ဘီလီယံ ရရှိထားကြောင်း သိရသည်။

အဆိုပါ ဆေးဝါးစက်ရုံမှ  ထုတ်လုပ်သော ဆေးဝါးအများစုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အများဆုံး ဝယ်ယူပြီး ငွေကျပ် ၂၆ ဒသမ  ၈၁၇  ဘီလီယံအထိ ရှိကြောင်း၊ ထို့ပြင်  ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ငွေကျပ် ၂ ဒသမ ၄ဝ၇ ဘီလီယံ၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှလည်း  ငွေကျပ် သုည ဒသမ ၁၈ဝ ဘီလီယံနှင့်  ပုဂ္ဂလိက ဆေးရုံများနှင့်  အရောင်းကိုယ်စားလှယ်များ က ငွေကျပ် ၇ ဒသမ ၅၃၈ ဘီလီယံဖိုး အထိ ဝယ်ယူခဲ့ကြောင်း သိရသည်။

လက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ  ဆီးချိုဝေဒနာရှင်များအတွက်  ထုတ်လုပ်သော Metformin Tablet၏  အရည်အသွေးနှင့် ပတ်သက်၍  ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ၌  စမ်းသပ်ပြီးစီးခဲ့ပြီး   ယင်းတက္ကသိုလ်နှင့် ပူးပေါင်း၍  ဆေးဝါးနှင့် ပတ်သက်သော   သုတေသန လုပ်ငန်းများကိုလည်း  လုပ်ဆောင်ခဲ့ကြကြောင်း   သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမယ်သစ် ၂၄ မျိုးနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမယ်သစ် ၂၁ မျိုး ထုတ်လုပ်နိုင်ခဲ့ပြီး စမ်းသပ်ထုတ်လုပ်ခဲ့သည့် ဆေးဝါး  ၁၇  မျိုးသည် FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။  လက်ရှိတွင် ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဆေးဝါး ၁၉၇ မျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။    

Read 160 times Last modified on Wednesday, 17 October 2018 12:38