SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးကို အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့နေရ

Thursday, 18 October 2018 10:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၇

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု ပြည်တွင်း အသုံးပြုရန် ဖူလုံနေသည့် အပြင် အိမ်နီးချင်းနိုင်ငံများသို့ပါ တင်ပို့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ Myanmar Snakebite Project (၂ဝ၁၄-၂ဝ၁၈)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်   သြစတြေးလျနိုင်ငံ အစိုးရနှင့် နည်းပညာ အထောက်အပံ့များကို Adelaide တက္ကသိုလ်မှ  ပညာရှင်များနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကူညီပေးသည်။

''သြစတြေးလျနိုင်ငံ အနေနဲ့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လုပ်ငန်းတွေအပြင်  မြွေအန္တရာယ် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာလည်း နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ဆက်လက်ပံ့ပိုး ပေးမှာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြားတည်ရှိပြီးသော ခိုင်မြဲသည့် မိတ်ဖက်ဆက်ဆံရေးကို အခြေပြုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု သြစတြေးလျ နိုင်ငံသံရုံးမှ ပထမအတွင်းဝန် Ms. Vanessa Hegarty ကပြောသည်။

Myanmar Snakebite Project (၂ဝ၁၄-၂ဝ၁၈)  စီမံကိန်း ကာလအတွင်း  ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဝန်ထမ်းများကို မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုနှင့် အရည်အသွေး ထိန်းသိမ်းမှု သင်တန်းများ စေလွှတ်သင်ကြားခြင်း၊ သြစတြေးလျပညာရှင်များက မြန်မာနိုင်ငံသို့ လာရောက်ပြီး မြင်းမွေးမြူခြင်း၊ မြင်းရောဂါရှာဖွေခြင်း၊ မြွေကိုင်တွယ် ထိန်းသိမ်းခြင်း၊ မြေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းနှင့် မြွေဆိပ်ဖြေဆေး အရည်အသွေး ထိန်းသိမ်းခြင်း ဆိုင်ရာ  သင်တန်းများ၊ နည်းပညာ အထောက်အပံ့များ ပို့ချပေးခြင်းများ  လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Read 187 times Last modified on Thursday, 18 October 2018 10:34