SJ WorldNews - шаблон joomla Авто

ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ရန်ကုန်မြို့၌ ပထမဆုံး ဆောင်ရွက်မည်

Monday, 12 November 2018 10:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၁

တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ ခွေးနှင့်ကြောင် တစ်သန်းကို  ခွေးရူးရောဂါ ကာကွယ်ဆေး  အခမဲ့ထိုးပေးမည်ဖြစ်ရာ ရန်ကုန်မြို့၌ ပထမဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့က ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲမှ  သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ FOUR  PAWS  International ၊မင်္ဂလာမြန်မာနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ ခွေးနှင့်ကြောင် တစ်သန်းကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။  ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီးရှိ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် မှော်ဘီမြို့နယ် တို့၌  စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

''ခွေးရူးရောဂါကာကွယ်ဆေးက  ခွေးတစ်ကောင်ကို  နှစ်စဉ်နှစ်တိုင်း  တစ်နှစ်ကို တစ်ကြိမ် သုံးကြိမ်ထိုးမယ်ဆိုရင် အဲဒီဒေသက ခွေး ၇ဝ ရာခိုင်နှုန်းခန့်ကို ထိုးပေးနိုင်မယ်ဆိုရင်  အဲဒီဒေသတစ်ခုလုံး  ခွေးရူးရောဂါ ကင်းစင် သွားမယ်။ ဒါကြောင့် မြို့နယ်တွေကို ဦးစားပေးပြီး ထိုးနှံပေးမှာဖြစ်ပါတယ်'' ဟု   မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းကပြောသည်။

ကနဦးစမ်းသပ်စီမံကိန်းများကို  ၂ဝ၁၈ ခုနှစ်  ဖေဖော်ဝါရီလနှင့်  ဧပြီလတို့တွင် နေပြည်တော်၊ လယ်ဝေးနှင့် ပုဂံ-ညောင်ဦး မြို့နယ်တို့ရှိ  ရပ်ကွက်၊ ကျေးရွာပေါင်း ၅၁၆ ရွာရှိ ခွေးနှင့်ကြောင် အကောင်ရေ ၅၉ဝ၅၈ ကို ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ကာ ယခု ဒုတိယအကြိမ်မြောက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

FOUR PAWS International မှ ခွေးရူးရောဂါကာကွယ်ဆေး အလုံးရေ ငါးသိန်းပံ့ပိုး ပေးထားပြီး နိုင်ငံတကာမှ  တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့်  ကျွမ်းကျင်ပညာရှင်များ၊ ကာကွယ်ဆေးထိုးနှံရာတွင်  လိုအပ်သော ကိရိယာ ပစ္စည်းများ၊ တိရစ္ဆာန်များ ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ကြောင်း အမှတ်အသားများ၊ စာရင်းပြုစုခြင်းများကို ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

Read 350 times Last modified on Monday, 12 November 2018 10:20