SJ WorldNews - шаблон joomla Авто

ဒေသန္တရ ကျန်းမာရေးဌာန များ၌ သွေးတိုး ဆီးချိုရောဂါများ အခမဲ့ စစ်ဆေးပေးလျက်ရှိ

Tuesday, 27 November 2018 10:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ ဒေသန္တရကျန်းမာရေး ဌာနများ၌ သွေးတိုး၊ ဆီးချိုရောဂါနှင့် ပတ်သက်သော စစ်ဆေး ဆောင်ရွက်မှုများ  အခမဲ့လုပ်ဆောင်ပေးလျက် ရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းထံမှ သိရသည်။

ထိုသို့လုပ်ဆောင်ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ဒေသန္တရ ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး သက် ကြီးပိုင်းအရွယ်တွင် ဖြစ်တတ်သည့် ရောဂါများနှင့် နာတာရှည် အဆုတ်ရောင် ရောဂါများကို စစ်ဆေးပေးခြင်းဖြစ်သည်။

''ဆီးချိုသွေးချိုဆိုတာက ပေါ့ဆလို့မရဘူး။ စောစောစီးစီး သိရှိပြီး စနစ်တကျနဲ့ ပြုစုစောင့်ရှောက်မှု ခံယူမယ်ဆိုရင် ပိုပြီးတော့ ထိရောက်တဲ့  ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်စေမှာပါ။ အခုဆိုရင် လူ ၁ဝဝ မှာ ၁ဝ ဦးလောက်က ဆီးချိုသွေးချိုရောဂါ ရှိနေပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံလောက်မှာ သွေးတိုးရောဂါရှိနေတယ်။ ဒါတွေက ၂ဝ၁၄ ခုနှစ်လောက်ကတည်းက ကောက်ယူထား တဲ့  စစ်တမ်းတွေမှာ  ဖော်ပြထားတာပါ။ ဒါကြောင့် ပေါ့ဆမနေသင့်တဲ့ အခြေအနေ မျိုးပါပဲ'' ဟု ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။

ဝေဒနာသည်များအနေဖြင့် ဆီးချိုတက်လာပါက ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိ ကွယ်ခြင်း၊ သွေးကြောများအတွင်း  သွေးမလျှောက်ဘဲ  ခြေထောက်များ ပုပ်လာခြင်း စသည့် ဆိုးကျိုးများ ခံစားရနိုင်သည့်အတွက် ကြိုတင်စစ်ဆေး သိရှိခြင်းဖြင့် ဆိုးကျိုးများမဖြစ်စေရန်   ကာကွယ်နိုင်ကြောင်း သိရသည်။

Read 234 times Last modified on Tuesday, 27 November 2018 10:21