SJ WorldNews - шаблон joomla Авто

သီတဂူမင်းကျောင်း စက္ခုဒါန ဆေးရုံတော်ကြီး ဖွင့်လှစ်

Thursday, 27 December 2018 10:32 font size decrease font size decrease font size increase font size increase font size

မင်းကင်း   ဒီဇင်ဘာ   ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့ မဟာမင်းကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌   ယမန်နေ့က  သီတဂူမင်းကျောင်း စက္ခုဒါနဆေးရုံတော်ကြီး ဖွင့်ပွဲအခမ်းအနား   ကျင်းပသည်။

ရှေးဦးစွာ စက္ခုဒါနဆေးရုံတော်ကြီးကို ဆေးရုံတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇဝန၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌနှင့် အထူးဧည့်သည်တော် မစ္စစင်သီယာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရုသီတဂူ ဆရာတော် အရှင်ဉာဏိဿရက သီတဂူမင်းကျောင်း စက္ခုဒါနဆေးရုံတော်ကြီး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာကြသူများက သီတဂူမင်းကျောင်းစက္ခုဒါန ဆေးရုံ ထိန်းသိမ်း စောင့်ရှောက်ရေး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူသာသနာပြု အဖွဲ့ဥက္ကဋ္ဌက ဆေးရုံဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး အလှူရှင်များက ကြွရောက်လာသော သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

အဆိုပါဆေးရုံကြီးကို   နိုင်ငံတော်မှ ထည့်ဝင်လှူဒါန်းငွေကျပ် ၆၂၉ သိန်း၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေကျပ်သိန်း ၉ဝဝ၊   သီတဂူဆရာတော်ကြီးမှ ခွဲစိတ်ပစ္စည်းများနှင့် ဆေးဝါးများ၊  အသုံးအဆောင် ပစ္စည်း များ၊   လူနာခုတင်များ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း  ၂၂၄ဝ  ခန့်ဖြင့် ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။         

Read 201 times Last modified on Thursday, 27 December 2018 10:34