SJ WorldNews - шаблон joomla Авто

ထိခိုက်ဒဏ်ရာ ဆိုင်ရာ အဆင့်မြင့် အသက်ကယ် ကုသနည်းစနစ် သင်တန်းဖွင့်

Thursday, 27 December 2018 10:45 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ   ဒီဇင်ဘာ  ၂၆

မြန်မာနိုင်ငံ သိပ္ပံနှင့်ဆေးပညာ အကယ်ဒမီ ဖောင်ဒေးရှင်း အဖွဲ့က ကြီးမှူး၍ ထိခိုက်ဒဏ်ရာဆိုင်ရာ အဆင့်မြင့် အသက်ကယ်ကုသ နည်းစနစ် သင်တန်းဖွင့်ပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရုံးခန်းမ၌    ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ သိပ္ပံနှင့် ဆေးပညာ အကယ်ဒမီ ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံ အတွင်းရှိ  မြန်မာနိုင်ငံ သိပ္ပံနှင့် ဆေးပညာ အကယ်ဒမီဖောင်ဒေးရှင်း အဖွဲ့မှ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှု အခြေအနေများ အကြောင်း၊ ထိုသို့ကွင်းဆင်းကုသ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်   ထိခိုက်ဒဏ်ရာရ လူနာအမျိုးမျိုးတို့၏ အခြေအနေများ၊ မီးဘေး၊ ရေဘေး၊  လေဘေးနှင့်မတော်တဆ ထိခိုက်ဒဏ်ရာရလူနာများ   ကုသနည်းစနစ်များ အကြောင်းနှင့်   ထိခိုက်ဒဏ်ရာရ လူနာများ လျော့နည်းစေရန် ရေရှည်အနာဂတ် အတွက် ပြုပြင်ထိန်းသိမ်းသင့်သည့် လမ်းများ၊ တံတားများနှင့်  အဆောက်အအုံများ အကြောင်း၊ ယာဉ်ကြီး/ယာဉ်ငယ် မောင်းနှင် သွားလာသည့် ပြည်သူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမောင်းနှင်မှု နည်းပါးခြင်းကြောင့် မတော်တဆထိခိုက်မှု များပြားနေခြင်း အကြောင်းတို့ကို   ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင်  နည်းပြများက သင်တန်းသား၊  သင်တန်းသူများ ဖြစ်သော ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ စသည့်မြို့နယ်တို့မှ    မြို့နယ်ဆရာဝန်၊ ဆရာဝန်မများ၊   ကမ္မတိုက်နယ်ပြည်သူ့ဆေးရုံမှ  ဆရာဝန်၊   ဆရာဝန်မများကို ကနဦး  လူနာစမ်းသပ် စစ်ဆေးကုသနည်း အကြောင်း၊   အသက်ရှူလမ်းကြောင်းနှင့် အသက်ရှူခြင်းအကြောင်း၊ သွေးလည်ပတ်မှု အကြောင်း၊ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာများ အကြောင်း၊ အခြေခံ အသက်ရှူလမ်းကြောင်းနှင့် အဆင့်မြင့် အသက်ရှူလမ်းကြောင်းများ အကြောင်း စသည့်ထိခိုက်ဒဏ်ရာ ဆိုင်ရာအဆင့်မြင့် အသက်ကယ် ကုသနည်းများကို စာတွေ့သင်ကြားပေးပြီး ပခုက္ကူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး ဓာတ်ခွဲခန်း၌ လက်တွေ့စမ်းသပ် သရုပ်ပြသခြင်း၊ ရုပ်ဝတ္ထုပစ္စည်းများဖြင့် လက်တွေ့စမ်းသပ် သရုပ်ပြသခြင်း၊ ဆေးဝါးပစ္စည်းများဖြင့် လက်တွေ့ စမ်းသပ်သရုပ်ပြသခြင်း စသည်ဖြင့် အသက်ကယ်ကုသနည်း စနစ်များကို    ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ စနစ်တကျ လက်တွေ့  သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

Read 289 times Last modified on Thursday, 27 December 2018 10:48