SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

Sunday, 30 December 2018 15:25 font size decrease font size decrease font size increase font size increase font size

မြဝတီစာဖတ်ပရိသတ်များ၏ ကျန်းမာရေးကဏ္ဍတွင် အထောက်အကူပြုနိုင်စေရန် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည့် ရိုးရာဆေးနည်းတို (ဆေးမြီးတို)များအကြောင်းကို ရေးသားပြုစုထားသော ဆရာကြည်လွင်မြင့်(မုဒြာ)၏ ''မြန်မာ့ရိုးရာ ဆေးနည်းတိုကုထုံးများ'' စာအုပ်မှဆေးနည်းအချို့ကို ဖော်ပြလိုက်ရပါသည် -

နှာစေး

-ခြေဖဝါးဆားပွတ်၊ ရေလောင်းပေးလျှင် နှာစေးသက်သာစေသည်။

- ကွမ်းရွက်အရည်ညှစ်ပြီး အုန်းဆီဖြင့်ဖျော် ငယ်ထိပ်တွင် လိမ်းပေးပါ။

- ပရုတ်ဆီ၊ ပရုတ်မြစ်၊ ရှောက်ရွက်၊ လေးညှင်းပွင့်(ရရာ)ပြုတ်ပြီး ရေနွေးငွေ့ကို ရှူပေးပါ။

- ကျားမနိုင်မြစ်ကိုသွေးပြီး နှာခေါင်းတွင် လိမ်းပေးပါ။

- ကလေးများ နှာစေးလျှင် ရေနံဆီနှာခေါင်းတွင်လိမ်း၊ ခြေဖဝါးတွင်လည်း လိမ်းပေးပါ။ (ရှေးနည်း)

-ရေနွေးပူပူတွင် ရှောက်ရွက်အနည်းငယ်၊ ကြက်သွန်နီဥကြီး၊ ကြက်သွန်ဖြူဥမြွှာ၊ ငရုတ်ကောင်း အနည်းငယ်ထည့်၍ ပူပူမှုတ်သောက်ပါ။

-ဇာတိပ္ဖိုလ်ပွင့်၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ဇဝက်သာ၊ ပရုတ်၊ ဖုံးမသိန်၊မင်သော်ဆီ၊ ငရုတ်ကောင်းဆီ(ပက်ပါမင့်)တို့ကို လေလုံသော ဘူးတစ်ဘူးတွင် ထည့်၍ရှူပါ။

-ငရုတ်ကောင်းစေ့ကို အပ်ဖျားထိပ်တွင်ထိုးပြီး မီးရှို့ကာအငွေ့ကိုရှူပေးပါက နှာစေး၊ နှာပိတ်၊ ထိပ်ကပ်နာများကို သက်သာစေသည်။

နှာပိတ်

-သံပရာသီးကို မီးကင်၊ အရည်ကိုခပ်နွေးနွေးညှစ်ထည့်ပါ။

-ကွမ်းရွက်၊ လျက်ဆား၊ ထုံး သုံးမျိုးကို ရောပွတ်ခြေပြီး နှာဝတွင်တေ့ရှူပေးပါ။(ကျေးလက်နည်း)

- မိုးမျှော်ငရုတ်သီးခြောက် အညှာမှကိုင်၍ ထိပ်ကိုမီးရှို့ပြီး ရှူပေးပါ။

- ဇဝက်သာ၊ ဆားပုပ်၊ စစ်ဆပ်ပြာသုံးမျိုးကို ဖန်ပုလင်းတွင်ထည့်၍ အငွေ့ကို ရှူပေးပါ။

-နှမ်းဆီဖြင့် နှာခေါင်း၊ နှာတံအရင်းမှ အဖျားထိ ပွတ်ဆွဲချပါ။ အကြိမ်များစွာပြုလုပ်လျှင် နှာပွင့် စေသည်။

-ခြေဖဝါးတွင် ရေနံဆီ၊ ပရုတ်ဆီလိမ်းပြီး နှိပ်ပေးလျှင် ခြေဖဝါးအေး၍ဖြစ်သော နှာပိတ်ခြင်းကို ပွင့်စေနိုင်သည်။

Read 179 times Last modified on Sunday, 30 December 2018 15:33