SJ WorldNews - шаблон joomla Авто

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုမှ တစ်ဆင့် နှစ်စဉ်လူဦးရေ ခြောက်သောင်းကျော် အသက်ဆုံးရှုံးနေရ

Thursday, 10 January 2019 12:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ 

မြန်မာနိုင်ငံ၌ နှစ်စဉ်လူဦးရေ ၆၄ဝဝဝ ခန့်သည်  ဆေးလိပ်နှင့်  ဆေးရွက်ကြီးထွက် စ္စည်း သောက်သုံးမှုမှတစ်ဆင့်  ဖြစ်ပွားသော ရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် မြန်မာနိုင်ငံ၌ နှစ်စဉ် ငွေကျပ်သန်းပေါင်း ၂ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) ဆုံးရှုံးနေပြီး အဆိုပါပမာဏသည် တိုင်းပြည်၏ အသားတင်ထုတ်ကုန် တန်ဖိုး၏ ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ညီမျှသည်။

''ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းက လုပ်ဆောင်လို့မရဘဲ အစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှု၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်မှသာအောင်မြင်မှုရရှိ နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေ ကျန်းမာရေး အသိပညာကြွယ်ဝရင်  ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက် ပစ္စည်းတွေရဲ့ အန္တရာယ်ကြီးမားမှုကို သိရှိရှောင်ကြဉ်နိုင် မှာဖြစ်ပါ တယ်'' ဟု ၎င်းကပြောသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း ထိန်းချုပ်ခြင်း  အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(WHO FCTC))မှ ချမှတ်ထားသော မူဝါဒများနှင့် တစ်ပြေးညီ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း   သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများကို  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် သည်။ ထို့ပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်သောက်သုံးမှုများကို တားမြစ်ခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် သတင်းမီဒီယာ အမျိုးမျိုးကို အသုံးပြု စီမံချက်အသွင်ဖြင့်   အသိပေး လှုပ်ရှားမှု ပြုလုပ်ခြင်း စသည့် မဟာဗျူဟာနှင့် လုပ်ငန်း စဉ်များကို  ဆောင်ရွက်သင့်ကြောင်း  သိရသည်။ 

Read 213 times Last modified on Thursday, 10 January 2019 12:05