SJ WorldNews - шаблон joomla Авто

ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်များအတိုင်း လိုက်နာ ရောင်းချမှုရှိ ၊ မရှိ စစ်ဆေးမည်

Thursday, 17 January 2019 11:33 font size decrease font size decrease font size increase font size increase font size

သထုံ ဇန်နဝါရီ ၁၆

 ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များ အတိုင်း လိုက်နာရောင်းချမှုရှိ၊ မရှိကို ဗဟိုအစားအသောက်နှင့်  ဆေးဝါးကြီးကြပ်မှု ကော်မတီမှ သီးခြားအဖွဲ့က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း သထုံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ဗဟိုကနေ သီးခြားအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး   လိုက်လံစစ်ဆေးဖို့တော့   ရှိနေပါတယ်။  ဘယ်မြို့မှာ ဘယ်နေ့ လာစစ်မယ်ဆိုတာ မသိဘူး။

အကြောင်းမကြားဘူး။ သူတို့ဟာသူတို့ ဝင်စစ်မယ်။ အဆင်မပြေတာတွေ့ရင် တွေ့ရှိချက်တွေကို မြို့နယ်ကိုပေးမှာ၊ အဲဒီအခါ ကျွန်မတို့က အရေးယူ တရားစွဲတာတွေ လုပ်ရတော့မှာပါ။

ခုတစ်ကြိမ်မှာ ဆေးဆိုင်ရောင်းသူတွေ သိအောင် ရှင်းပြတာပါ''ဟု သထုံမြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သင်းသင်းအိ ကပြောသည်။

မွန်ပြည်နယ် သထုံမြို့ သထုံခရိုင် ဆေးရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်သော ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့် ပတ်သက်၍ ဆေးဆိုင် ရောင်းချသူများအား တွေ့ဆုံပွဲတွင် ဒေါက်တာ သင်းသင်းအိ က ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

သီးခြားအဖွဲ့က ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်   ကိုက်ညီခြင်း မရှိပါက ပထမအကြိမ်တွင်  ဆေးရောင်းချခွင့်  သုံးလပိတ်သိမ်းခြင်း၊  ဒုတိယအကြိမ်တွင် ခြောက်လပိတ်သိမ်းခြင်း၊ ပစ္စည်းများ သိမ်းခြင်းနှင့်   တတိယအကြိမ်တွင်   လိုင်စင်ပိတ်သိမ်း၍ ဆေးဝါးဥပဒေအရ  အရေးယူရန် ညွှန်ကြား ထားကြောင်း သိရသည်။

ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်များတွင်    လူနာများနှင့် ပြည်သူ့ကျန်းမာရေးကို  ဦးစားပေးခြင်း၊ အရည်အသွေး စိတ်ချရသော ဆေးဝါးများကိုသာ  ရောင်းချပြီး ဆေးဝါးနှင့် ပတ်သက်သော သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ဝယ်ယူသူများအား စနစ်တကျ မှန်ကန်စွာ မျှဝေပေးရမည်ဖြစ်ပြီး ရောင်းချလိုက်သော ဆေးဝါးသုံးစွဲပုံကိုလည်း ကြီးကြပ်ရမည်ဖြစ်သည်။

ဆေးဝါးရောင်းချမည့် ဆိုင်များအနေဖြင့်  သတ်မှတ်ဆိုင် အကျယ်အဝန်း၊ လိုအပ်သော ပစ္စည်းကိရိယာများ၊ရောင်းချမည့်ဝန်ထမ်း၏ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ဆေးဝါး သိုလှောင်သိမ်းဆည်းခြင်း၊ ဆေးဝါးထုတ်ပေးခြင်း၊   စာရွက် စာတမ်း မှတ်တမ်းများ ထားရှိခြင်း၊ ဆေးဝါးများ မှားယွင်းမှု မဖြစ်ပွားစေရန် စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

Read 200 times Last modified on Thursday, 17 January 2019 11:34