SJ WorldNews - шаблон joomla Авто

မြန်မာ-ထိုင်း ပူးပေါင်း၍ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးရန်စီစဉ်

Thursday, 31 January 2019 09:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ   ၃ဝ

ထိုင်းနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုဖြစ်သည့် BDMS Wellness Clinic နှင့်  မြန်မာနိုင်ငံမှ  SEA   LION  Groupတို့ ပူးပေါင်း၍ ပထမဆုံး အကြိမ်အဖြစ် ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အဆင့်မြှင့်တင်   ဆောင်ရွက်ပေးနိုင်ရေး အတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးရန် စီစဉ်ထားကြောင်း SEA  LION Group မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဝင်းဇော်အောင် ထံမှ သိရသည်။

''မြန်မာနိုင်ငံသား တစ်ဦးချင်းစီအတွက် BDMS Wellness Clinic က သီးသန့်အထူး စီစဉ်ထားတဲ့  အကောင်းဆုံး ကျန်းမာရေး ဝန်ဆောင်မှုတွေကို အဆင်ပြေဆုံးနဲ့ အထိရောက်ဆုံး လက်လှမ်းမီ ရရှိနိုင်ဖို့ အခုလို လုပ်ဆောင် ရတာဖြစ်ပါတယ်''  ဟု  ဒေါက်တာဝင်းဇော်အောင် ကပြောသည်။

BDMS Wellness Clinic သည် မြန်မာနိုင်ငံ၏ ဆေးကုသမှုဆိုင်ရာ လွှဲပြောင်းပေးပို့ခြင်း လုပ်ငန်းများတွင် လုပ်ဆောင်နေသော SEA  LION  Medical Referral Centre  နှင့် မိတ်ဖက်အဖြစ် လက်တွဲကာ ဝန်ဆောင်မှုများ ပေးမည်ဖြစ်သည်။ ယင်းအတွက် နှစ်ဦး သဘောတူ လုပ်ငန်းစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး  ကျန်းမာရေးကို အလေးထားသော မြန်မာလူငယ် မျိုးဆက်သစ်များအား ကိုယ်စားပြုနိုင်ရန် Miss Myanmar World  2018   Ms. Han Thi ကို Brand Ambassador အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ  SEA   LION   Medical Referral Centre သည် ပြည်ပနိုင်ငံများ၌ ပိုမိုကောင်းမွန်သော ကုသနည်းများနှင့် ကုသနိုင်ရန် ဆေးကုသခြင်းဆိုင်ရာ  လွှဲပြောင်း လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

Read 218 times Last modified on Thursday, 31 January 2019 09:55