SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၌ ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Monday, 04 February 2019 13:03 font size decrease font size decrease font size increase font size increase font size

မန္တလေး  ဖေဖော်ဝါရီ 

မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် မန္တလေး အထွေထွေရောဂါ ကုဆေးရုံကြီး ကင်ဆာရောဂါ ကုသဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး  ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနှင့် လမ်း ၇ဝ ထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ရတနာပုံ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး  ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဌာန ပါမောက္ခ ဒေါက်တာအေးအေးမြင့်က ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့အကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကင်ဆာအထူးကု ဆရာဝန်ကြီး (ဓာတ်ရောင်ခြည်) ဒေါက်တာနန်းဝင်းထွေးက အမျိုးသားများတွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါများ အကြောင်းကို လည်းကောင်း၊ ကင်ဆာအထူးကုဆရာဝန်(ဓာတ်ရောင်ခြည်) ဒေါက်တာမိုးမိုးလှိုင်က အမျိုးသမီးများဘဝ လှပဖို့ ကင်ဆာရောဂါတွန်းလှန်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကင်ဆာအထူးကု ဆရာဝန် ဒေါက်တာစိုးသီဟက ကင်ဆာရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများကို လည်းကောင်း အသီးသီးဟောပြောသည်။

ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဌာနမှ ကင်ဆာရောဂါ ကုထုံးများ ဆိုင်ရာ ပညာပေးပြသမှုများကို တက်ရောက် လာသူများ က ကြည့်ရှုကြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(မန္တလေးတိုင်း  ဒေသကြီး)နှင့် ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တက်ရောက်လာကြသူများအား  ကင်ဆာကင်းစင် ကမ္ဘာဖန်တီးကြစို့ ကင်ဆာရောဂါ ကာကွယ်ရေးပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးကြောင်း သိရသည်။

Read 232 times Last modified on Monday, 04 February 2019 13:04