SJ WorldNews - шаблон joomla Авто

ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်

Tuesday, 05 February 2019 09:39 font size decrease font size decrease font size increase font size increase font size

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့်   ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအား ၂ဝ၁၈ ခုနှစ်  အောက်တိုဘာ၊ နိုဝင်ဘာနှင့်    ဒီဇင်ဘာလတို့အတွက်  ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးမူက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက်   ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က  ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေတစ်လလျှင် ငွေကျပ် ၁၅ဝဝဝ ဖြင့် သုံးလစာငွေကျပ် ၄၅ဝဝဝ အား ပေးအပ်ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက လက်ခံရယူပြီး   ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက အသက်နှစ်နှစ်အောက် ကလေးငယ်များ အတွက် သုံးလစာ ငွေကျပ် ၄၅ဝဝဝ ကို ကလေးမိခင်များအား ပေးအပ်သည်။

အခမ်းအနားတွင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် စုစုပေါင်း ၃ဝဝ၉ ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၁၆၇၄၅ဝဝဝ ကို ပေးအပ်ကြောင်း သိရသည်။       

Read 261 times Last modified on Tuesday, 05 February 2019 09:40