SJ WorldNews - шаблон joomla Авто

ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်နေ့လျှင် ၇ဝ နှင့် ၁ဝဝ ဦးအကြားရှိ

Thursday, 07 February 2019 10:34 font size decrease font size decrease font size increase font size increase font size

ပဲခူး  ဖေဖော်ဝါရီ 

ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ယခုလအတွင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်နေ့လျှင် ၇ဝ နှင့် ၁ဝဝ ဦးအကြား ရှိကြောင်း သိရသည်။

ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်ခံရသော လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးနေပြီး ယခင်နှစ် နိုဝင်ဘာလမှစတင်၍ ဝန်ကြီးဌာနမှ အခမဲ့ လုံလောက်စွာ ထောက်ပံ့ပေးနေသည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများသည် ယခုအခါ ပဲခူးဆေးရုံကြီး၌ ပြတ်လပ်နေပြီဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မျှော်မှန်း တွက်ချက်ထားသည့် အရေအတွက်ထက် များစွာကျော်လွန်နေသဖြင့် သတ်မှတ်ကာလ မတိုင်မီ   ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပဲခူးဆေးရုံကြီး၌ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ပုံမှန်ထောက်ပံ့နေသည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပြတ်လပ်ချိန်တွင် လူမှုရေးဝန်ကြီး ဦးဆောင်သည့် တိုင်းဒေသကြီး ကျန်းမာရေး ကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန  ဆေးရုံအထောက်အကူပြု ကော်မတီ(ယခင်ကြီးကြပ်ကော်မတီ) တို့မှ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များကို တင်ပြခဲ့ပြီး အားလုံး၏ ကူညီပံ့ပိုးမှုဖြင့် ယခုအချိန်ထိ အခမဲ့ ထိုးနှံနိုင်အောင် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ပဲခူးမြို့အနီး တစ်ဝိုက်တွင်ရှိသည့်   ဆေးရုံများမှာလည်း ဆေးပြတ်လပ်နေသောကြောင့် အခမဲ့ထိုးနှံပေးနေသည့် ပဲခူးပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ထိုးနှံသူ  ပိုမိုများပြားလာကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ၏ စာရင်းများအရ တစ်လလျှင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအလုံး ၁၅ဝဝ ဝန်းကျင် အသုံးပြုနေရပြီး ငွေကျပ်သိန်း၂ဝဝ ခန့်  အသုံးပြုနေရသည်။ နေ့စဉ်လူ ၇ဝ ဦးမှ ၁ဝဝ ဦးအကြား ကာကွယ်ဆေး ထိုးနှံပေးနေရပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်၍ ပဲခူးဆေးရုံကြီးတွင် နေ့စဉ်ငွေကျပ် ခုနစ်သိန်း ဝန်းကျင် ကုန်ကျနေသဖြင့် အလှူရှင်များ လိုအပ်လျက် ရှိကြောင်း သိရသည်။ 

Read 210 times Last modified on Thursday, 07 February 2019 10:35