SJ WorldNews - шаблон joomla Авто

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

Tuesday, 12 February 2019 09:15 font size decrease font size decrease font size increase font size increase font size

လေအန်ရောဂါ

လေမျိုး ၈ဝ တွင်ပါဝင်သော အတိဥဂ္ဂါရ(အလွန်အန်သောလေ)ရောဂါဖြစ်သည်။ အာယုဗ္ဗေဒဆေးကျမ်းများမှ လာသည်။ အထက်သို့လေအန်များနေသဖြင့် အစားအသောက် မဝင်နိုင်အောင် ဖြစ်ရသော လေေ ရာဂါဖြစ်သည်။

- မန်ကျည်းမှည့်နှင့် ထန်းလျက်ဖျော်ရည်တွင် ဆားလှော်ထည့်သောက်ပါ။

- ငုသီးအနှစ် နှစ်ကျပ်သား၊ ဇဝက်သာ တစ်ကျပ်သား၊ သိန္ဓောတစ်ကျပ်သား ရောစပ်၍ သောက်လျှင် လေအန်ရောဂါ သက်သာစေသည်။

- ချင်းခြောက်အမှုန့်၊ ပိတ်ချင်းအမှုန့်၊ သိန္ဓောဆား၊ ဆားပုပ်၊ ကျောက်ချဉ် ထိုငါးမျိုးရောစပ်ပြီး တစ်မတ် သားခန့်(ကော်ဖီဇွန်းငယ် တစ်ဇွန်းခန့်) သောက်သုံးပေးပါ။

- ကြွေပုပ်ကို သံပရာရည်နှင့်စိမ်၊ ပျော်သွားသောအခါ ဇဝက်သာရည် အနည်းငယ်စပ်၍ သောက်ပေးပါ။

- ကင်ပွန်းချဉ်ရွက်နှင့် ကန်စွန်းရွက်တို့ကို မန်ကျည်းမှည့်ထည့်၍ ချဉ်ရည်ဟင်းချက်သောက်ပါ။

- ဒိန်ချဉ်သန့်သန့်ကို သကြားနှင့်စပ်သောက်ပါ။

- ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်သောက်ပါ။

- နွားနို့ ၂၅ ကျပ်သားကို ဆား ဆီးဖြူသီးခန့်စပ်သောက်ပါက လေအန်ရောဂါသက်သာစေသည်။(ရှေးနည်း) ကြည်လွင်မြင့်(မုဒြာ)

Read 240 times Last modified on Tuesday, 12 February 2019 09:24