SJ WorldNews - шаблон joomla Авто

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း အစုလိုက် ထိုးနှံခြင်း ဆောင်ရွက်

Wednesday, 20 February 2019 10:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ  ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသော မြို့နယ်ခုနစ်မြို့နယ်၌  အသက်ကိုးလမှ ၁၅ နှစ်အောက် ကလေးများအား ဝက်သက်-ဂျိုက်သိုးရောဂါ  ကာကွယ်ဆေး အပိုဆောင်း အစုလိုက် ထိုးနှံပေးခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၈ ခုနှစ် အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု စာရင်းအရ ၆၄၆ ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ကပ်အသွင် ဖြစ်ပွားလျက်ရှိသော မြို့နယ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊  ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့ဖြစ်ပြီး၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအထိ ရောဂါများ ဆက်လက်ဖြစ် ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်ခုနစ်မြို့နယ်တွင်  ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၈ ရက်အထိ  အသက်ကိုးလမှ  ၁၅ နှစ်အထိ  အစုလိုက် ကာကွယ်ဆေး ထိုးနှံမည်ဖြစ်ကြောင်း  သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါတို့ အပါအဝင် ရောဂါ ၁၁ မျိုးအတွက် ရောဂါကာကွယ်ဆေးများကို နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေးဌာန အသီးသီးတွင် အပတ်စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာန အလိုက် သတ်မှတ်ရက်များအတိုင်း ကလေးငယ်များကို ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ခုနစ်မြို့နယ်မှ ကလေးငယ်ခြောက်သိန်းခန့် အတွက် ယခုဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း အစုလိုက် ထိုးနှံရန်အတွက် နိုင်ငံတော်မှ ကုန်ကျစရိတ် စုစုပေါင်း၏  ၈၄  ရာခိုင်နှုန်းနှင့် Gavi အဖွဲ့မှ ကျန်  ၁၆  ရာခိုင်နှုန်း အကုန်အကျခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 256 times Last modified on Wednesday, 20 February 2019 10:37