SJ WorldNews - шаблон joomla Авто

ပဉ္စမအကြိမ်မြောက် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

Friday, 22 February 2019 09:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန သားဖွားသင်တန်းကျောင်း တောင်ကြီးမြို့၏ အမှတ်စဉ်(၆၂)သားဖွား ဒီပလိုမာနှစ်နှစ် သင်တန်းသူများအား   ပဉ္စမအကြိမ်မြောက် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ  မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး သားဖွားသင်တန်းကျောင်း  စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ  ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒုတိယညွှန်ကြားရေးမှူးချုပ်    ဒေါက်တာ သူဇာချစ်တင်က အမှတ်စဉ်(၆၂) သားဖွားဒီပလိုမာ   နှစ်နှစ် သင်တန်းသူများအား ပဉ္စမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  အမှတ်စဉ်(၆၂) သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူ ၆ဝ ဦးအား ဒီပလိုမာ အောင်လက်မှတ်များကို သားဖွားသင်တန်းကျောင်း စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ  ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ သားဖွား သင်တန်းကျောင်း(တောင်ကြီး)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က  အောင်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

Read 327 times Last modified on Friday, 22 February 2019 09:49