SJ WorldNews - шаблон joomla Авто

ဝက်သက်ရောဂါ သတိပြုပါ(၂)

Sunday, 24 February 2019 11:16 font size decrease font size decrease font size increase font size increase font size

ဝက်သက်ရောဂါဖြစ်ပွားပါက ဝက်သက်ဗိုင်းရပ်(Measles virus) ကြောင့်ဖြစ်ပွားသည်။ ဝက်သက် ရောဂါဖြစ်ပွားပါက ဝက်သက်ဗိုင်းရပ်ကို သတ်နိုင်သော ပိုးသတ်ဆေးမရှိပါ။ ကာကွယ် ဆေးကြိုတင်ထိုးထားခြင်းသည်သာ အကောင်းဆုံးကာကွယ်နည်းဖြစ်သည်။

ဘယ်သူတွေကို ကူးစက်နိုင်ပါသလဲ

ကာကွယ်ဆေးမထိုးထားသူများ အားလုံး (အသက်အရွယ်မရွေး၊ ကျား/မ မရွေး) ဝက်သက်ရောဂါ ကူးစက်နိုင်ပါသည်။

ဘယ်လို ကူးစက်တတ်ပါသလဲ

၁။ ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး၊ နှာချေခြင်းဖြင့် ဝက်သက်ဗိုင်းရပ်ပိုးသည် လေထဲသို့ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်ခံရနိုင်ပါသည်။

၂။ ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး၊ နှာချေခြင်းမှထွက်သော အညစ်အကြေး(တံတွေး၊ နှပ်၊ သလိပ်)များကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း ကူးစက်ခံရနိုင်ပါသည်။

၃။ တစ်ဦးမှတစ်ဦးသို့ အလွန်လျင်မြန်စွာ ကူးစက်တတ်ပါသည်။

၎။ ရောဂါဖြစ်ပွားနေသူနှင့် အနီးကပ်နေထိုင်ပြီး ကာကွယ်ဆေးထိုးထားခြင်း မရှိခဲ့ပါက ၁ဝ ဦးလျှင် ၉ ဦးအထိ ကူးစက်ခံရနိုင်ပါသည်။

၅။ ဝက်သက်ရောဂါတွင် အနီစက်၊ အနီပြင်များ မထွက်ပေါ်မီ လေးရက်နှင့်ထွက်ပေါ်ပြီး လေးရက်အထိ ကာလသည် အခြားသူသို့ ကူးစက်နိုင်ခြေအများဆုံး ကာလဖြစ်သည်။

ဘယ်လို ကာကွယ်ရမလဲ

၁။ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပါ။ (ပထမအကြိမ်ကလေး အသက် ၉ လနှင့် ဒုတိယအကြိမ်-ကလေးအသက် ၁၈ လ)

၂။ ဝက်သက်ပေါက်နေသူနှင့် ထိတွေ့ခြင်းနှင့် လူစုလူဝေး ထူထပ်သော နေရာများသို့ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၃။ လူနာနှင့်ထိတွေ့ပါက နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်အုပ်ပါ။

၎။ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Read 308 times Last modified on Sunday, 24 February 2019 11:27