SJ WorldNews - шаблон joomla Авто

တိုးချဲ့လူနာဆောင်နှင့် တိုင်းရင်းဆေးပေးခန်းဖွင့်လှစ်

Tuesday, 02 April 2019 10:19 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပြည်သူ့ဆေးရုံတွင် တိုးချဲ့နှစ်ထပ် လူနာဆောင်သစ် ဖွင့်ပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းတွင် အဆိုပါ အဆောင်သစ်ရှေ့၌ ကျင်းပကြောင်း သိရသည်။

ပုလဲမြို့နယ် ပြည်သူ့ဆေးရုံတိုးချဲ့နှစ်ထပ်လူနာဆောင်သစ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်၊လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ပုလဲမြို့နယ် ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ် လူနာဆောင်သည် အလျားပေ ၁၅ဝ၊ အနံ ၅၆ ပေရှိပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၆၁ ဒသမ ဝ၈၈ သန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပုလဲမြို့ တောင်ပိုင်းရပ်ကွက်တွင် ပြည်ထောင်စု ဘတ်ဂျက်မှ ငွေကျပ် ၂၉ ဒသမ ၂၉၅ သန်း ကုန်ကျသည့် တိုင်းရင်းဆေး ပေးခန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီးဌာနအတွက် အဆောက်အအုံ၄၂ ခုကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီးဌာနအတွက် အဆောက်အအုံ ၁၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် အဆောက်အအုံ ၄၈ ခု ကိုလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုသရေးဦးစီး ဌာနအတွက် အဆောက်အအုံ ၁၇ ခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် အဆောက်အအုံ ၅၂ ခုကို လည်းကောင်း တည်ဆောက်ပေးနိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၁၃၂၃ သန်းကျော် အသုံးပြုပြီး ကုသရေးဦးစီး ဌာနအတွက် အဆောက်အအုံ ၅၉ ခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် အဆောက်အအုံ ၂၆ ခု ထပ်မံ ဆောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

Read 158 times Last modified on Tuesday, 02 April 2019 14:09