SJ WorldNews - шаблон joomla Авто

ဝါးခယ်မမြို့နယ် စက္ခုပါလ ဆေးခန်း၌ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေးမည်

Monday, 22 April 2019 09:06 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အတွင်းရှိ  ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ  မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား (၁၁)ကြိမ်မြောက်အဖြစ် စက္ခုပါလ မျက်စိအခမဲ့ ခွဲစိတ်ကုသပေးမှုကို   စာရေးကုန်းရပ်ကွက် ဝါးခယ်မမြို့နယ်အသင်း(ရန်ကုန်)ရုံးခွဲ စက္ခုပါလဆေးခန်း၌ မေ ၃ ရက်မှစတင်ကာ သုံးရက်ကြာ စမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အသင်း စက္ခုပါလမျက်စိအခမဲ့ ကုသရေး အလုပ်အမှုဆောင် အဖွဲ့က ကြီးမှူးကာ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် စမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း၊ ဆေးခန်းလာရောက်ပြသည့် သုံးရက်အတွင်း နေထိုင်ရေး၊ လူနာနှင့် လူနာစောင့်တစ်ဦးအတွက် နေ့လယ်စာ၊ ညစာတို့ဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ကြောင်း သိရသည်။

အလုပ်အမှုဆောင်အဖွဲ့နှင့် အတူ လုပ်အားဒါန ကုသိုလ်ပါဝင်လိုသူများ၊ မျက်စိတစ်လုံးစာ အလှူရှင်အဖြစ် လှူဒါန်းပေးလိုသော အလှူရှင်များ အနေဖြင့် မျက်စိခွဲစိတ်ခ၊ ဆေးဖိုးပါ အတွက် ငွေကျပ် ၄၅ဝဝဝ လှူဒါန်းနိုင်ပြီး မိမိစေတနာ သဒ္ဓါတရား ထက်သန်သလောက် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ဆက်သွယ် လှူဒါန်းလိုပါက စက္ခုပါလအသင်း ဥက္ကဋ္ဌ ဦးဝင်းတင် ဖုန်း-ဝ၉-၄ဝ၂၁၆၈၃၆ဝ၊ အတွင်းရေးမှူး ဦးစိုးတင့် ဖုန်း-ဝ၉-၄၂၈၅၃၇၅၄၁ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ 

Read 126 times Last modified on Monday, 22 April 2019 09:07