SJ WorldNews - шаблон joomla Авто

ဝက်သက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ်များကို ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးမည်

Wednesday, 24 April 2019 10:10 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌  ဝက်သက်ရောဂါ ကင်းစင်စေရန်  ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ကလေးငယ်များကို ပြန်လည်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ထိုးနှံလုပ်ငန်းမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမြချမ်းသာ၏ ပြောဆိုချက်အရ သိရသည်။

''ဝက်သက်ကာကွယ်ဆေးကို   အဓိက ထိုးပေးရတဲ့ အကြောင်းရင်းက    အရှေ့တောင်အာရှ နိုင်ငံတွေနည်းတူ  မြန်မာနိုင်ငံမှာလည်း ဝက်သက်ရောဂါ ကင်းစင်အောင် ဆောင်ရွက်နေတာပါ။ ဒါကြောင့် ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေကို  ပြန်ပြီး ထိုးပေးချင်ပါတယ်။ ထိုးပြီးသား ကလေးဆို ရင်လည်း   သူတို့ကာကွယ်နိုင်စွမ်းအားကို အကောင်းဆုံး၊ အမြင့်ဆုံးဖြစ်အောင်  ကာကွယ်ဆေး    ပြန်ထိုးပေးချင်ပါတယ်''   ဟု ။ဒေါက်တာအေးမြချမ်းသာ ကပြော သည်။

အဆိုပါ ကာကွယ်ဆေးကို အသက်ကိုးလမှ     ငါးနှစ်အရွယ် ကလေးငယ်များအား အောက်တိုဘာလနှင့်    နိုဝင်ဘာလတို့တွင် ပြန်လည် ထိုးနှံပေးမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံရှိ ကလေးငယ် ကိုးသိန်းခန့်သာ ကာကွယ်ဆေး ထိုးနိုင်ပြီး ကလေးငယ် တစ်သန်းနီးပါးမှာ ဆေးထိုးရန် ကျန်ရှိနေသေးသဖြင့်  ယခုကဲ့သို့  ထိုးနှံပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံရာတွင် ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစေရန် ဝေးလံ သည့်နေရာများ၌ နေထိုင်သူများနှင့် ရွှေ့ ပြောင်း သွားလာသူများဟူသည့် အဓိကအုပ်စု နှစ်ခု၌ နေထိုင်သူများကို ထိုးနှံပေးနိုင်ရန် နည်းလမ်း အမျိုးမျိုးဖြင့်   ဆောင်ရွက်ပေးမည်ဖြစ်သည်။

ယခုအခါ ဝက်သက်ရောဂါဖြစ်ပွားသူ အများစုသည် ကာကွယ်ဆေး မရသူများဖြစ်ကြပြီး ကာကွယ်ဆေးကို လက်လှမ်းမမီသူများ၊ ကာကွယ်ဆေး ထိုးနှံရမည်ကို မသိရှိကြသူများ စသည့်အကြောင်း အမျိုးမျိုးကြောင့် မထိုးနှံနိုင်ခြင်းဖြစ်သည်။

ထို့ပြင် ၁၉၈၇ ခုနှစ်မှစ၍ ဝက်သက် ကာကွယ်ဆေး   ထိုးနှံခြင်း အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ် မတိုင်မီက ကာကွယ်ဆေး မရခဲ့သူ သက်ကြီးအုပ်စု များတွင်လည်း ဝက်သက်ရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Read 197 times Last modified on Wednesday, 24 April 2019 10:12